၁၁.၆.၂၀၂၅
Written By Thandar
မာတာမြတ်မိခင်ရုပ်ရှင်ထုတ်လုပ်ရေးက ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “မာယာကျား” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားက သရုပ်ဆောင်တွေ တော်တော်များများပါတယ်။ ထက်အောင်ရှိုင်း၊ ညီထွဋ်ခေါင်၊ တိုင်ရွန်၊ ကိုခင်လှိုင်နဲ့ ကိုရန်လေး@ရန်အောင်လည်းပါတယ်။ နောက် ခြူးလေး၊ ဝေလာရီ၊ ယမုံမြင့်မြတ်သူတို့နဲ့ ကိုယ်တို့က ဟာသပုံစံလေး ပုံဖော်ထားကြတာပါ။ လေယာဉ်ပျက်ကျပြီးတော့ ကျွန်းလေးတစ်ကျွန်းပေါ်ရောက်ကြတာပေါ့နော်။ ဇာတ်လေး လုပ်ခဲ့ကြတာပါ။ နိုင်ငံခြားကားတွေမှာလည်း ပါတယ်လေ။ အဲလိုဇာတ်လေးပါ။ အကုန်လုံးက ကိုယ့်ကာရိုက်တာကို ပီပြင်ဖို့လုပ်ရင်း ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ ဟာသဇာတ်လေးပါ”လို့ သရုပ်ဆောင် ညီနန္ဒက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း ဇေယျတုနဲ့ သက်ထင်၊ ရိုက်ကွင်းဇာတ်ညွှန်း ရာဇဝင်ကို၊ မင်းကိုစိုး(နတ်သံကွင်း)၊ ဒါရိုက်တာ ရာဇဝင်ကိုက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီရန်အောင်၊ တိုင်ရွန်၊ ညီထွဋ်ခေါင်၊ ထက်အောင်ရှိုင်း၊ ညီနန္ဒ၊ ခင်လှိုင်၊ ခြူးလေး၊ ဝေလာရီ၊ ယမုံမြင့်မြတ်နဲ့ အနုပညာရှင်များစွာကအကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
မာယာကျားရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၁၃ ရက်နေ့က စတင်ပြီး မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#အကယ်ဒမီရန်အောင် #တိုင်ရွန်
#ညီထွဋ်ခေါင် #ထက်အောင်ရှိုင်း
#ညီနန္ဒ #ခင်လှိုင် #ခြူးလေး #ဝေလာရီ #ယမုံမြင့်မြတ် #မာယာကျားရုပ်ရှင်ဇာတ်ကားကြီး





