၆. ၆. ၂၀၂၅
Written by Nay Moe
ရပ်ကွက်ဓမ္မာရုံသို့ရောက်ရှိနေသော ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးအား KNU နှင့် PDF တို့ ပူးပေါင်းသတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှဝင်း(၆၅)နှစ်သည် ရပ်ကွက်ဓမ္မာရုံ၌ရှိနေစဉ် KNU နှင့် PDF အဖွဲ့ဝင်တစ်ဦး(စိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးစောကော်က မြ၀တီမှ ရဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များကို လူမှုကွန်ရက်တွင် ခြိမ်းခြောက်ခဲ့သလို ဦးလှဝင်းကို သတ်ဖြတ်ပြီးနောက်တွင်လည်း Saw Kaw အကောင့်တွင် ဦးလှဝင်းကို ရှင်းလင်းလိုက်ပြီဖြစ်ကြောင်းနှင့် မြ၀တီမှ ကျော်ကြားသူများဖြစ်သော အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်၊ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုစိုင်း၊ ကိုသူရိန်မင်းထွန်းနှင့် ကိုကျော်ကျော်တို့ကိုလည်း ထပ်မံလုပ်ကြံမည်ဟု အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်မှုကို လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သလို ထိုပို့စ်အောက်တွင်လည်း ဦးလှဝင်းကို ကော်ဘရာစစ်ကြောင်းက သတ်ဖြတ်မှုအပေါ် ထောက်ခံရေးသားနေကြသလို ထပ်မံသတ်ဖြတ်ခိုင်းနေသည်ကို တွေ့ရသည်။
