၆.၆.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားအကယ်ဒမီ အေးချမ်းမောင်ကတော့ “နှောင်းလူ” ဇာတ်ကားမှာ မိန်းမကို အရမ်းချစ်တဲ့ အိမ်ထောင်သည် နယုန်မိုးကာရိုက်တာနဲ့ ပါဝင်ထားတယ်လို့ ဆိုပါတယ်။
“မဟာကလည်း ဗီဒီယိုကားလေးရိုက်မယ်ပြောတော့ ဒါရိုက်တာက ကိုအောင်ချမ်းလူဖြစ်တာရယ်၊ ဇာတ်လမ်းလေးကို ကြိုက်တာကြောင့် လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားမှာ ကျွန်တော်က အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဖြစ်တဲ့ နယုန်မိုး ကာရိုက်တာနဲ့ ပါဝင်ထားတာပါ။ မိန်းမကို အရမ်းချစ်တဲ့ကာရိုက်တာပေါ့။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်တယ်ပေါ့နော်။ နယုန်မိုးကတော့ နယုန်မိုးကာရိုက်တာပေါ့နော်။ အေးချမ်းမောင်ကတော့ အေးချမ်းမောင်ပါပဲ။ မိန်းမကို ချစ်နေရင်းနဲ့မှ မထင်မှတ်ထားတဲ့ အရာလေး ဘာဖြစ်မလဲဆိုတာ ပရိသတ်တွေ ထုတ်လွှင့်ပြသရင် ကြည့်ရှုဝေဖန်ပေးပါဦးလို့ ပြောချင်ပါတယ်”လို့ အကယ်ဒမီ အေးချမ်းမောင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကိုတော့ ဆရာမ ညမွှေးပန်းဇာတ်လမ်းကို ဒရာမာဇာတ်လမ်းပုံစံ ဒါရိုက်တာ အောင်ချမ်းလူက သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ သံသာညီ၊ Z ဂိုဟန်၊ ခင်မို့မို့အေး စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။
“ကျွန်တော်က မဟာနဲ့ လက်တွဲ ရိုက်တာ ဒုတိယဇာတ်ကားပါ။ နှောင်းလူက ဆရာမ ညမွှေးပန်းရဲ့ ဇာတ်လေးလည်း ကြိုက်လို့ လက်ခံရိုက်ဖြစ်တယ်။ ဒရာမာ၊ အိမ်ထောင်ရေး၊ Suspense ရောထားတဲ့ ဇာတ်လေးပါ။ ဒီကားက ကြည့်ရင်းနဲ့ ပရိသတ်တွေ ဘာလဲဆိုတာ စိတ်ဝင်စားစရာလေးတွေ ပါပါတယ်”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
ဒရာမာ Suspense ပုံစံ “နှောင်းလူ” ဇာတ်ကားကို မကြာခင် Mahar Application က ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။
#အေးချမ်းမောင် #AyeChanMg #သံသာညီ #ThanTharNyi #MaharApplication #နှောင်းလူဇာတ်ကား


