MT News
၄. ၆. ၂၀၂၅
တပ်မတော်စစ်ကြောင်းများ၏ ထိုးစစ်ကို ခုခံပစ်ခတ်နိုင်မှုမရှိခြင်းကြောင့် KNDF နှင့် PDF များက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး၍ ဆုတ်ခွာထွက်ပြေးမှု ဖြစ်ပွားခဲ့သည်ဟု SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် ဇွန်လ ၃ ရက် ညနေပိုင်းတွင် ဘုရားတောင်ကျေးရွာအနီးသို့အရောက်၌ KNDF နှင့် PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ခုခံနိုင်ခြင်းမရှိတော့သည့်အတွက် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့လွတ်လပ်စွာ ဆုတ်ခွာထွက်ပြေးနိုင်ရန် ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့ ဆုတ်ခွာရာနောက်သို့ ထက်ကြပ်လိုက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီး မှုကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



