၄.၆.၂၀၂၅
Written By Thandar
ပရိသတ်အကြိုက်တွေ့စေခဲ့တဲ့ ဇာတ်လမ်းတွေကို အမြဲတင်ဆက်ပေးလျှက်ရှိတဲ့ Mahar Application က ထုတ်လွှင့်ပြသမယ့် “အငြိုး” ဇာတ်လမ်းတွဲမှာ မင်းဘုန်းမြတ်နဲ့ မေမြင့်မိုရ်တို့နဲ့ ရိုက်ရတာမို့ ရလဒ်ကောင်းတွေကို ပိုရတယ်လို့ ခံစားရတယ်လို့ ရဲလွင်ဦးက ဆိုပါတယ်။
“ကျွန်တော်က ဒီဇာတ်ကို လက်ခံဖြစ်လိုက်တာက ဆရာမ သျှင်မရဲ့ဝတ္ထုဖြစ်နေတာရယ်။ မဟာက ရိုက်တာကြောင့်မို့ တစ်ချက်၊ ဒါရိုက်တာ ကိုပြည့်ဖြိုးနိုင်ရိုက်တာဖြစ်လို့ အချက်သုံးချက်ကြောင့် လက်ခံဖြစ်တာပါ။ အငြိုးဇာတ်လမ်းတွဲမှာ ဇော်ဝေယံဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ ဒီဇော်ဝေယံ ကာရိုက်တာမှာ ငယ်ဘဝနဲ့ ကြီးဘဝနှစ်ခုရှိတယ်။ ကျွန်တော်က မမေလေး@မေမြင့်မိုရ်နဲ့ဆုံခန်းတွေ တော်တော်များများပါပါတယ်။ မမေလေးနဲ့က ကားကြီးတွေလည်း ရိုက်ခဲ့ဖူးတယ်။ ကျွန်တော်ဖြစ်ချင်တဲ့ ဇာတ်ကောင်စရိုက်ကို မမေလေးနဲ့ သေချာတိုင်ပင်ပြီး လုပ်ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မမေလေးနဲ့ ကိုဘုန်း@ မင်းဘုန်းမြတ်နဲ့ရိုက်ရတာမို့ ကျွန်တော့်အတွက် ရလဒ်ကောင်းတွေပိုရပါတယ်”လို့ သရုပ်ဆောင် ရဲလွင်ဦးက ပြောပါတယ်။
ဒီဇာတ်လမ်းကတော့ ဆရာမ သျှင်မရဲ့ “ပန်းတို့၏ ကာရန်” ဝတ္ထုကို ဇာတ်ညွှန်း ညမွှေးပန်း၊ မြသက်ချိုနဲ့ မုဒြာတို့က ရေးသားပြီးတော့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN)က သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဘုန်းမြတ်၊ စိုင်းစည်တွမ်ခမ်း၊ သားညီ၊ အကယ်ဒမီမေမြင့်မိုရ်၊ ဝေလာရီ၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ ရဲလွင်ဦး၊ Kai စတဲ့သူတွေနဲ့ ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
#ရဲလွင်ဦး #မေမြင့်မိုရ် #MayMyintMo #MinPhoneMyat #အငြိုးဇာတ်လမ်းတွဲ
#YeLwinOo #MyanmarActor #MaharApplication




