

၁.၆.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသင်းအဖွဲ့အမည်ကို အင်္ဂလိပ်ဘာသာနဲ့Myanmar Motion Picture Organization (MMPO) လို့ အသုံးပြုရာက ယခုအချိန် Myanmar Motion Picture Association (MMPA)လို့ ပြောင်းလဲသတ်မှတ်သုံးစွဲမှာဖြစ်ကြောင်း ယနေ့ ဇွန်လ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
“ကျွန်တော်တို့က အရင်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အသင်းအဖွဲ့အမည်ကို အင်္ဂလိပ်ဘာသာနဲ့ အသုံးပြုတဲ့အခါ အရင်က Myanmar Motion Picture Organization (MMPO) လို့ သုံးစွဲခဲ့ကြပါတယ်။ မှတ်ပုံတင်တဲ့အခါကြတော့ Organization က မရဘူးဖြစ်နေတယ်။ Association နဲ့မှ အသင်းအဖွဲ့မှတ်ပုံတင်လို့ရမယ်ဆိုတော့ Organization ဆိုရင် မရလို့ Myanmar Motion Picture Association လို့ ပြောင်းလဲသုံးစွဲမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အသင်းအဖွဲ့အမည်ကို ယခင် Myanmar Motion Picture Organization@MMPO Logo အမည်နဲ့ ဆယ်စုနှစ်များစွာ သုံးစွဲခဲ့ပြီးမှ ယနေ့ ဇွန် ၁ ရက်နေ့မှစ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ မှတ်ပုံတင်အမှတ် ပြည်တွင်း/၀၁၃၄ (၂၀၂၂)က Myanmar Motion Picture Association@MMPA Logo နဲ့ ပြောင်းလဲသုံးစွဲသွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန် ကြေညာလာတာဖြစ်ပါတယ်။
