




၁.၆.၂၀၂၅
Written By Thandar
Hunk Film Production က မှုခင်းစုံထောက် ဇာတ်လမ်းပုံစံ “မြိုင်မဟာမင်းမောင် နှင့် ဖော်ထုတ်ခဲ့သောအမှုများ (ဇာတ်လမ်းတွဲ) ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဇွန်လ ၁ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“မှုခင်းစုံထောက် ဇာတ်လမ်းပုံစံတွေပါ။ ရှေးခေတ် အဝတ်အစားပိုင်းဇာတ်ပုံစံဖြစ်လို့ Lacation တွေပိုင်းကအစ သေသေချာချာ အသေးစိတ်စီစဉ်ထားတယ်။ ဇာတ်လမ်းအပိုင်းဆက်ဆိုပေမယ့် တစ်ပိုင်းစီမှာ ဇာတ်အိမ်တစ်ခုစီပါမှာပါ။ ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးပါ”လို့ သရုပ်ဆောင် စစ်နိုင်က ပြောပါတယ်။
ဇာတ်လမ်း၊ ဇာတ်ညွှန်း ဓနုတ်ကိုကိုဇော်၊ ရိုက်ကွင်းဇာတ်ညွှန်း ဟေမာန်ဟိဏ်းနဲ့ ပြည့်ဦးငွေ၊ ဒါရိုက်တာကျော်ဇက ရန်ကုန်မြို့မှာ ဇွန်လ ၂ ရက်မှာ အပိုင်း ၁၀ ခုစာ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ စစ်နိုင်၊ ဆုပန်ထွာ၊ ပွင့်နဒီမောင်၊ ရွှေကိန္နရီ၊ ထူးခြား၊ ဘုန်းလျံ၊ ကျော်ဇင်ထွဋ်၊ ဒေါင်းဝေ၊ ဟန်ဆက်လူ၊ မျိုးကို၊ ဂျွန်၊ အကယ်ဒမီဝါဝါအောင်၊ ဦးဝင်းမြိုင်၊ ဖိုးကျော်(သန်လျင်)၊ ဇော်ထွန်း၊ မင်းသူရကျော်၊ ဟိဏ်းစစ်၊ ဟိဏ်းနောင်၊ သားပေါက်၊ ဇော်ပိုင်၊ ခေးကို၊ အောင်ပြည့်သျှံ၊ ဇော်ဝိုင်း၊ အောင်ကောင်းဆက်၊ ဇိုင်းထက်၊ ဂွမ်းလေး၊ စိုင်းဝဏ္ဏ၊ ယွန်းသဒ္ဒါချယ်၊ ကံကော်ပြည့်စုံ၊ တုံတုံ၊ ချစ်စုစုဟန်ဒေါ်ခင်အုန်းမြင့်၊ မမျိုး၊ နန်းမြင့်၊ ဝါဝါဝင်း၊ ခင်ခင်ပြာနဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။
