
၃၁. ၅. ၂၀၂၅
Written by MMAK
ဥရောပရဲ့ အမြင့်ဆုံးဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား ဖိုင်နယ်ပွဲဟာဆိုရင်ဖြင့် ယနေ့ည မြန်မာစံတော်ချိန် ည တစ်နာရီ သုံးဆယ်မိနစ်အချိန်မှာ PSG အသင်းနဲ့ အင်တာမီလန်အသင်းတို့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က အလိုင်းယန့်ဇ် အရီနာ ကွင်းကြီးထဲမှာ ယှဥ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။
PSG အသင်းကပဲ ပထမဆုံးအကြိမ်အနေနဲ့ ဖလားယူသွားနိုင်မလား။
အင်တာမီလန်အသင်းကပဲ ၁၅ နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို စတုတ္ထအကြိမ်မြောက် ဆွတ်ခူးသွားနိုင်မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။
ဒီရာသီဟာလည်း အစဥ်အလာမရှိတဲ့ အသင်းတွေ၊ ဖလားမရဖူးတဲ့ ကစားသမားတွေက မရဘူးတဲ့ ဖလား ရသွားကြသလို သမ္ဘာစဥ် ဝါစဥ်ကို ပြဆိုကြပေမဲ့ ပျမ်းမျှ ပွဲထွက်အသက်မှာ ၇ နှစ်လောက် ငယ်နုနေတဲ့ အားသာချက်တွေကလည်း PSG မှာ ရှိနေပါသေးတယ်။

ဒါပေမဲ့လည်း နှစ်သင်းလုံးဟာ ဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန် ရောက်ရှိလာခဲ့တာကြောင့် ဘယ်အသင်းပဲ ဖလားရရ ချိုမြိန်တဲ့ အောင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
နှစ်သင်းလုံးမှာရှိတဲ့ အရည်အသွေးမြင့်ကစားသမားတွေရဲ့ အားပြုင်မှု၊ အီတလီသားကြီး အင်ဇာဂီရဲ့ ခံစစ်အသားပေး နည်းဗျူဟာနဲ့ စပိန်သားကြီး လူးဝစ်အင်းနရစ်ရဲ့ တီကီတာကာ ကစားဟန်တို့အကြား နည်းပြနှစ်ယောက်ရဲ့ ဗျူဟာပိုင်းအားပြိုင်မှုတွေကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ ခြေစွမ်းသိပ်မကွာတဲ့ အသင်းတွေဖြစ်တာကြောင့် အာရှပေါက်ကြေးကို လေ့လာရမယ်ဆိုရင် PSG အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံးဆိုပြီး ဖွင့်လှစ်ထားပါတယ်။ နှစ်သင်းလုံးက ကွာတားအဆင့်နဲ့ ဆီမီးဖိုင်နယ်အဆင့်တွေမှာ ဂိုးတွေလှိုင်လှိုင်သွင်းပြီး သွင်းဂိုးများစွာကို တွေ့မြင်ခဲ့ရပေမဲ့ ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက အနည်းငယ် ပျော့နေတယ်လို့ ယူဆပါတယ်။
ဖိုင်နယ်ပွဲဖြစ်တာကြောင့် ထိန်းထိန်းသိမ်းသိမ်း ကစားကြမယ်လို့ ယူဆရသလို တစ်သင်းရဲ့အမှားကို တစ်သင်းက စောင့်ကစားမှာ ဖြစ်တာကြောင့် ဂိုးတွေအများကြီး မြင်ရဖို့မလွယ်ဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒီဂိုးပေါင်းကြေးအရဆိုရင် ဒီဖိုင်နယ်ပွဲဟာ ဂိုးအောက်သွားနိုင်တယ်လို့ ယူဆရမှာ ဖြစ်တာကြောင့် ဘော်ဒီကြေးကိုလည်း အောက်အသင်းဖြစ်တဲ့ အင်တာမီလန်ရွေးချယ်မှုက ပိုကောင်းတယ်လို့ ထိုးသားတွေ အမြင်မှာ ယူဆကြပါလိမ့်မယ်။ အောက်အသင်းဖြစ်တဲ့ အင်တာမီလန်ဘော်ဒီကို ရွေးချယ်မယ်ဆိုရင် သရေကျရင်တောင် ပြားငါးဆယ်အနိုင်ရမယ်လို့ တွေးကြမှာဖြစ်ပြီး ဖိုင်နယ်ပွဲမှာ သရေကျပြီး အချိန်ပိုနဲ့ ပင်နယ်လ်တီအထိ ရောက်သွားမယ်လို့ ယူဆကြမှာကြောင့် အင်တာမီလန်အသင်းကို လူကြိုက်ပိုများနိုင်ပါတယ်။
ဘော်ဒီကြေးပြားငါးဆယ်အရှုံးမှာ အင်တာမီလန်အသင်းက ပွဲချိန်အတွင်းမှာ သရေကျအောင် ကစားနိုင်ပေမဲ့ အနိုင်ရကြေးဆိုရင်တော့ PSG အသင်းက အနိုင်ရသွားမယ်လို့ ယူဆထားပါတယ်။ PSG အသင်းက ဒီအချိန်မှာ ဖလားမရခဲ့ရင် နောက်ငါးနှစ်လောက်အကြာထိ ဆက်စောင့်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် PSG အသင်းက ကွင်းတွင်းကွင်းပြင်ကနေ ရရှိနိုင်သမျှ အခွင့်အရေးတွေကို အသုံးချပြီး အဖက်ဖက်ကနေ ထောက်ပံ့မှုတွေ ရလာနိုင်ပါတယ်။
PSG အသင်းဟာ ချန်ပီယံဖလားရဖို့အတွက် ငွေကြေးမြောက်များစွာ အသုံးချပြီး ဆယ်စုနှစ်ကြာ ကြိုးစားနေခဲ့တာကြောင့် ဒီရာသီမှာ ဖလားရဖို့အတွက် အကောင်းဆုံးအခြေအနေ ဖြစ်ပါတယ်လို့ အစောကြီးကတည်းက သုံးသပ်ခဲ့ဖူးပါတယ်။ မိနစ်ကိုးဆယ် ပွဲအချိန်အတွင်းမှာ သရေကျသွားခဲ့ရင် ပြားငါးဆယ် ဆုံးရှုံးရမှာ ဖြစ်ပေမဲ့ PSG အသင်းကပဲ ပွဲချိန်အတွင်းမှာ အနိုင်ရသွားမယ်လို့ ယုံကြည်ပါတယ်။
အခြားတစ်ဖက်မှာ မက်ဆီ၊ နေမာ၊ ဘာပေတို့လို့ ကစားသမားတွေမရှိမှ PSG က ဖလားရတယ်ဆိုပြီး ကမ္ဘာကျော်ကစားသမားတွေ အားကိုးမှုကို ရိုက်ချိုးဖို့၊ ငွေသုံးပြီး ဆယ်လီကစားသမားခေါ်တိုင်းလည်း မအောင်မြင်ဘူးဆိုတာ သက်သေပြဖို့နဲ့ ငါတို့လို သာမန်လို့သတ်မှတ်ခံထားရတဲ့ ကစားသမားတွေလည်း စွမ်းပါတယ်ဆိုတာကို PSG ကစားသမားတွေ သက်သေပြဖို့ ကြံစည်နေမယ်ထင်တဲ့အတွက်ကြောင့် ပထမဆုံးအကြိမ်အနေနဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ပြင်သစ်မြေကို ယူဆောင်လာမဲ့ PSG အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
