၃၀.၅.၂၀၂၅
Written By Thandar
Luck 10 ထုတ်လုပ်ရေးက ဟာသ၊ အချစ်နဲ့ Suspense ရောထားတဲ့ ကျေးလက်ရွာ ဇာတ်လမ်းဖြစ်တဲ့ “ဂန္ထဝင်ငတိုး” ရုပ်ရှင်ဇာတ်ကားကြီး နှစ်ပတ်ရုံတင်ပြသခွင့်ရတဲ့ ဂန္ထဝင် Show ပွဲအခမ်းအနားကို မေလ ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ နဝဒေးအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဂန္ထဝင်ငတိုး ရုပ်ရှင်ဇာတ်ကားက နှစ်ပတ်ရုံတင်ပြသခွင့်ရတဲ့အပေါ် ပျော်တာပေါ့နော်။ ရုံတင်စနစ်ကလည်း နှစ်ကားတွဲတင်ရတာဆိုတော့ နှစ်ကားတွဲ ဟိုဘက်ရုံ ဒီဘက်ရုံတင်တဲ့အပေါ်မှာ ပရိသတ်တွေ အားပေးတဲ့ ကြားထဲကိုမှ နှစ်ပတ်ရုံတင်ခွင့်ရအောင် ပရိသတ်တွေက တခဲနက်အားပေးပေးတယ်။ အရင်ကထက်စာရင် ခုအားပေးမှုကြီးက ကျေးဇူးတင်ရပါလိမ့်မယ်။ နှစ်ကားလုံးကို အပြိုင်ရုံတင်ခွင့်ရလို့လည်း နှစ်ကားလုံး နှစ်ပတ်ကို ရုံတင်ခွင့်ရလို့ ပျော်ရပါတယ်”လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဓနုတ်ကိုကိုဇော်၊ ဇာတ်ညွှန်းရာဇဝင်ကို၊ ဒါရိုက်တာ စိုးမိုးမင်းက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ စည်ဖြိုး၊ ဟိန်းသီဟ၊ ထက်ထက်ထွန်း၊ ခြူးစစ်ဟန်၊ ဘုန်းလျှံ၊ ဇော်ဝင်းနိုင်၊ အရိုင်း၊ နေလင်း၊ စူပါလင်း၊ သွက်လက်၊ ဝိုင်းဝိုင်းလည်၊ ဂျက်လီ၊ အကယ်ဒမီ ဂွမ်းပုံလေး၊ ယွန်းသဒ္ဒါချယ်၊ အကယ်ဒမီ ဝါဝါအောင်၊ မျိုးမျိုးခိုင်နဲ့ သရုပ်ဆောင်များစွာပါဝင်ကြပါတယ်။
“ဂန္ထဝင်ငတိုး”နဲ့ “ လေချွန်နတ် ”ရုပ်ရှင်ဇာတ်ကားကြီးတွေကို မေလ ၂၃ ရက်က မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံပြိုင်စနစ်နဲ့ ရုံတင်ပြသနေတာလည်းဖြစ်ပါတယ်။
#နေတိုး #ထက်ထက်ထွန်း #စည်ဖြိုး #ဂွမ်းပုံ #မျိုးမျိုးခိုင် #NayToe #HtetHtetHtun #ဂန္ထဝင်ငတိုး #လေချွန်နတ် #GandawinNgaToe #Lucky10Production #MyanmarCele




