
၂၈. ၅. ၂၀၂၅
Written by Nay Moe
နွေဦးတော်လှန်ရေးဖြစ်စဥ်ကာလအတွင်း သာမန်ဆန္ဒပြချိန် ပစ်ခတ်နှိမ်နင်းမှုမရှိဘဲ ဆူပူထကြွ တိုက်ခိုက်ဆန္ဒပြချိန်မှ မျက်နှာချင်းဆိုင်ပစ်ခတ်နှိမ်နင်းခံရမှုကို အဓမ္မဟုဆိုကာ လက်နက်ကိုင်ခဲ့သူ PDF များက ပဲခူးမှ လက်နက်မဲ့ရာအိမ်မှူးအား ဦးခေါင်းတည့်တည့်ကို သေနတ်ဖြင့် ပစ်သတ်နိုင်ခဲ့သည့် ကျူးလွန်သူ သာယာဝတီ PDF များက ယနေ့တွင် ဝံ့ကြွားစွာ ထုတ်ပြန်လာသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပုတိမ်စုအုပ်စု၊ ပုတိမ်စုရွာနေ ရာအိမ်မှူး ဦးထွန်းထွန်း အား ပျူခေါင်းဆောင်ဟုဆိုကာ မေလ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ဆေးရေးဂိတ်မှ ခြေလျင်ပြန်လာစဥ် NUG ဩဇာခံ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၂ ရဲဘော်များက စောင့်ကြို၍ ဦးခေါင်းတည့်တည့်ကို သေနတ်ဖြင့် ၃ ချက် ပစ်ခတ် သတ်ဖြန်လိုက်ပြီး မိုလ်ဘိုင်းဖုန်း ၁ လုံး လုယက်သိမ်းဆည်းခဲ့သည်။


ရာအိမ်မှူး ဦးထွန်းထွန်း သည် ပျူခေါင်းဆောင် ဖြစ်သလို PDF တပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ သတင်းပေးခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် ဖိအားပေး လူစုခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံပြီး ကောက်ခံငွေ မပေးသူများအား စစ်တပ်ခေါ် ဖမ်းဆီးခိုင်းခြင်း၊ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ PDF တပ်ဖွဲ့များအား ဂရုမစိုက်ဘူးဟု စိန်ခေါ်ပြီး လူငယ်များအား တပ်ထဲ အတင်းအကြပ် ထည့်သွင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို သတ်ဖြတ်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ဆင်ခြေပေးသော်လည်း အဆိုပါ စွပ်စွဲချက်များ မှန် မမှန် MT News က မြေပြင် အတည်မပြုနိုင်သလို ကျူးလွန်သည့် PDF များကလည်း သက်သေမပြနိုင်ချေ။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
