
၂၈. ၅. ၂၀၂၅
Written by MMAK
မြန်မာစံတော်ချိန်အရ ကြာသပတေးနေ့ည တစ်နာရီ သုံးဆယ်မိနစ်အချိန်မှာ ချဲလ်ဆီးအသင်းနဲ့ ဘက်တစ်အသင်းတို့ရဲ့ ကွန်းဖရင့်လိဂ်ဖိုင်နယ်ပွဲစဥ်ကို ပိုလန်နိုင်ငံ၊ ဝရိုကလောမြို့မှာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် စတင်ကျင်းပတဲ့ ကွန်းဖရင့်လိဂ်ပြိုင်ပွဲဟာ ဆိုရင်ဖြင့် အခုအချိန်မှာ ဖိုင်နယ်ပွဲစဥ်ကို ကစားရတော့မှာ ဖြစ်တာကြောင့် ချဲလ်ဆီးနဲ့ ဘက်တစ် ဘယ်အသင်းက ဖလားယူသွားမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းသာ ဖလားရခဲ့မယ်ဆိုရင် ပထမဆုံးအကြိမ်အနေနဲ့ ဥရောပဖလားတစ်ခုကို ရယူနိုင်မှာဖြစ်ပြီး ချဲလ်ဆီးအသင်းရခဲ့မယ်ဆိုရင်တော့ ဥရောပဖလားအားလုံးကို ရယူနိုင်တဲ့ တစ်ခုတည်းသောအသင်း ဖြစ်လာမှာ ဖြစ်ပါတယ်။
လက်ရှိခြေစွမ်းမှာ ဘက်တစ်အသင်းက အကောင်းဘက်မှာ ရှိနေတယ်ဆိုပေမဲ့ ကွင်းလယ်ပိုင်းမှာ မာ့ရော်ကာနဲ့ လိုဆယ်လိုတို့ မပါနိုင်ပါဘူး။ ဒီအတွက်ကြောင့် ကိုင်စီဒိုနဲ့ဖာနန်ဒက်တို့ ဦးဆောင်လာမဲ့ ချဲလ်ဆီးကွင်းလယ်ကို ယှဥ်ကစားနိုင်ဖို့ ခက်ပါလိမ့်မယ်။
ဒါပေမဲ့လည်း မန်ယူကနေ အငှားလာကစားနေတဲ့ အန်တိုနီက ထူးရှယ်ခြေစွမ်းမျိုးပြသနေတာကြောင့် ဘက်တစ်အသင်း ရလဒ်ကောင်းနေတာမျိုးတော့ တွေ့ရတတ်သလို သရဲနီဖြစ်တဲ့ အန်တိုနီဟာ ချဲလ်ဆီးကို အနိုင်ယူလိုစိတ်ပြင်းပြင်းပျပျ အားထုတ်မှုကို တွေ့ရနိုင်ပါသေးတယ်။
သို့ပေမဲ့ အရှင်းဆုံးပြောရရင် ဘက်တစ်အသင်းက ချဲလ်ဆီးအသင်းထက် တစ်ဆင့်နိမ့်တဲ့အသင်းပါ။ ခြေစွမ်းအရဆိုရင်လည်း ချဲလ်ဆီးအသင်းက အသာရထားသလို ကစားသမားအင်အားမှာဆိုရင်လည်း ဘယ်လိုမှ မယှဥ်နိုင်ပါဘူး။
ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ပါတယ်။ ချဲလ်ဆီးအသင်းက ကွန်းဖရင့်လိဂ်ပွဲစဥ်တစ်လျောက်မှာ အရန်ကစားသအားတွေကိုသာ အသုံးပြုခဲ့ပေမဲ့ ဒီပွဲစဥ်မှာ အဓိက ကစားသမားအားလုံးကို အသုံးပြုလာနိုင်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းအမြင့်ဆုံးရောက်နေပြီး ဒီရာသီမှာ ရရှိနိုင်တဲ့ တစ်ခုတည်းဖလားကိုလည်း ရယူနိုင်ဖို့ ချဲလ်ဆီးတို့ ကြိုးစားပါလိမ့်မယ်။ ချဲလ်ဆီးအသင်းသာ တကယ်ကန်မယ်ဆိုရင် ဒီဖလားဟာ ချဲလ်ဆီးအသင်းအတွက်ပါပဲ။
တစ်ခုသတိထားရမှာက မိနစ်ကိုးဆယ် ပွဲချိန်အတွင်းမှာ သရေကျသွားပြီး အချိန်ပိုနဲ့ ပင်နယ်လ်တီမှ အနိုင်ရမယ်ဆိုရင် ချဲလ်ဆီးအသင်းကို ရွေးချယ်မှုက မှားယွင်းမှုတွေ ဖြစ်လာမှာပါ။
ဒါ့အပြင်လည်း ထူးခြားချက်အနေနဲ့ ဒီရာသီမှာ ကစားခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲတွေမှာ နာမည်ကြီးတဲ့အသင်းတွေ ဖလားမရဘဲ ဖလားမရဖူးတဲ့ အောက်အသင်းတွေက ဖလားရသွားတာကိုလည်း တွေ့ရပါတယ်။
ဘယ်လိုပဲ ဖြစ်နေပါစေ ဒီပွဲစဥ်မှာ မိနစ်ကိုးဆယ်အတွင်းမှာ အဖြေပေါ်မယ်လို့ သုံးသပ်ထားပြီး အနိုင်ရလဒ်ဟာဆိုရင်လည်း ချဲလ်ဆီးအသင်းအတွက်ပဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဘက်တစ်အသင်းဟာ ချဲလ်ဆီးအသင်းအတွက် တစ်ဆင့်နိမ့်တဲ့အသင်းမျိုးဖြစ်ပြီး ပြိုင်ဘက်ကောင်းမဟုတ်ဘူးလို့ သုံးသပ်ထားတာကြောင့် ချဲလ်ဆီးအသင်းကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။
