
၂၅.၅. ၂၀၂၅
Written by MMAK
◾ မန်ယူ Vs အက်စတွန်ဗီလာ
ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အထက်နားမှာ ရပ်တည်ခဲ့ရသလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီဟာ မန်ယူအသင်းအတွက်တော့ အဆိုးရွားဆုံးရာသီတစ်ခု ဖြစ်နေပါတယ်။ ဒီပွဲမှာဆိုရင် ဗီလာအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာပေါက် အနိုင်ကန်ရမှာ ဖြစ်ပြီး မန်ယူအသင်းကတော့ ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းအတွက် အရေးမကြီးဘူးဆိုပေမဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်တွေကို အကောင်းဆုံးလုပ်ပြနိုင်မလား၊ ဗီလာအသင်းကပဲ အနိုင်ရအောင်ကစားသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ ဗီလာအသင်းက အနိုင်ရဖို့လိုအပ်နေတာကြောင့် ဘော်ဒီကြေးပြင်းရှနေတာ တွေ့ရပေမဲ့ မန်ယူအသင်းသာ အိမ်ကွင်းနောက်ဆုံးပွဲမှာ အားထည့်ကစားလာမယ်ဆိုရင် ဂိုးပြတ်အနိုင်ရဖို့ ခက်ပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီပွဲမှာသာ ထပ်ရှုံးခဲ့မယ်ဆိုရင် တန်းဆင်းသွားတဲ့ အသင်းသုံးသင်းရဲ့ အပေါ်ကနေတောင် ရာသီသိမ်းသွားနိုင်တာကြောင့် နည်းပြအမ်မိုရင်အနေနဲ့ ရလဒ်ကောင်းဖို့ ကြိုးစားလာမယ်လို့ ထင်ပါတယ်။ ဗီလာအသင်းအနေနဲ့ အနိုင်ရဖို့ လိုအပ်နေတယ်ဆိုပေမဲ့ အနိုင်ရခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပြီး နှစ်ဂိုးပြတ်ဖို့ ခက်မယ်လို့ ထင်ပါတယ်။ ပြားငါးဆယ်အရှုံးနဲ့ အပြည့်စားဘဲ ကြည့်ရမယ်လို့ ယူဆထားတာကြောင့် အောက်အသင်းဖြစ်တဲ့ အိမ်ရှင်မန်ယူကို ကြိုက်ပါတယ်။

◾ဖူဟမ် Vs မန်စီးတီး
မန်စီးတီးအသင်းက သရေကျရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်တာကြောင့် ကစားရခက်တဲ့ ဖူဟမ်အသင်းကို ဂိုးပြတ်အနိုင်ရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဖူဟမ်အသင်းက မှန်းဆရခက်တဲ့အသင်းမျိုးဖြစ်ပြီး အသင်းကြီးတွေနဲ့ဆိုရင် ဒုက္ခကောင်းကောင်း ပေးတတ်ပါတယ်။ ဖူဟမ်အသင်းဟာ ဇယားထိပ်ပိုင်းက အသင်းတွေဖြစ်တဲ့ လီဗာပူး၊ နယူးကာဆယ်နဲ့ ဖောရက်အသင်းတို့ကို အနိုင်ရထားသလို အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ကိုတော့ ကပ်ရှုံးခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံးပေါက်ပါတယ်။ ဖူဟမ်အသင်းက အိမ်ကွင်းနောက်ဆုံးပွဲမှာ အားထည့်ကစားလာနိုင်ပြီး မန်စီးတီးအသင်းကလည်း သရေကျရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်တဲ့အတွက် ဒီပွဲကို သရေနဲ့ပွဲပြီးမယ်လို့ သုံးသပ်ထားပါတယ်။ တကယ်လို့ မန်စီးတီးအသင်း အနိုင်ရခဲ့ရင်တောင် ကပ်နိုင်သွားတာမျိုးပဲ ဖြစ်နိုင်ပြီး ဂိုးပြတ်အနိုင်ရဖို့ မလွယ်ပါဘူး။ အိမ်ရှင်ဖူဟမ်အသင်း တစ်ဂိုးလောက်ရသွားရင် မန်စီးတီးအသင်း ဂိုးပြတ်အနိုင်ရဖို့ မလွယ်တာကြောင့် အောက်အသင်းဖြစ်တဲ့ ဖူဟမ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾နော်တင်ဟန်ဖောရက် Vs ချဲလ်ဆီး
နှစ်သင်းလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အရေးကြီးနေပြီး ချဲလ်ဆီးအသင်းက ဗီလာအသင်းရဲ့ ရလဒ်ကို စောင့်ကြည့်ပြီးတော့ သရေကစားလို့ရပေမဲ့ ဖောရက်အသင်းကတော့ လုံးဝအနိုင်ရမှ ကောင်းမှာပါ။ ဖောရက်အသင်းက အနိုင်ရခဲ့ရင်တောင် ဗီလာနဲ့ နယူးကာဆယ်တို့ နိုင်သွားရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ မဟုတ်ပေမဲ့ ချဲလ်ဆီးအသင်းကတော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိနေပြီး အနိုင်ရတာနဲ့ ချန်ပီယံလိဂ် ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ပွဲစဥ်အားလုံးကို တစ်ချိန်တည်း ကစားကြမှာ ဖြစ်တဲ့အတွက် နှစ်သင်းလုံး အနိုင်ရလဒ်ကို ဦးတည်ကစားကြမယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေးက သုံးလုံးသရေဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ် မြင့်တက်လာတာကို တွေ့ရတာကြောင့် ချဲလ်ဆီးအသင်း ဂိုးရဖို့သေချာနေသလို အိမ်ရှင်ဖောရက်အသင်းကလည်း အနိုင်ရအောင် ကစားမှာ ဖြစ်တာကြောင့် နှစ်သင်းလုံး ဂိုးရမယ်လို့ ယူဆထားပါတယ်။ ပွဲပြီးဆုံးချိန်မှာ သုံးဂိုးလောက်မြင်ရဖို့က မခက်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾နယူးကာဆယ် Vs အဲဗာတန်
နယူးကာဆယ်အသင်းက အနိုင်ရတာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရရှိမှာဖြစ်ပြီး သရေဆိုရင်တော့ ဗီလာနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ရလဒ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ခြေစွမ်းက တော်တော်လေးကောင်းနေပြီး အိမ်ကွင်းပွဲဖြစ်တာကြောင့် အဲဗာတန်အသင်းကို အနိုင်ရအောင်ကစားနိုင်မယ်လို့ ထင်ပါတယ်။ သို့ပေမဲ့ ဘော်ဒီကြေး နှစ်လုံးရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ နှစ်ဂိုးပြတ်ပါ့မလားဆိုတာ စဥ်းစားရမှာ ဖြစ်ပြီး ဂိုးပေါင်းကြေးကတော့ သုံးလုံးသရေ ဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ခြေစွမ်းက သိပ်မဆိုးပေမဲ့ အမှတ်လိုအပ်ချက် မရှိသလို အဝေးကွင်းလည်း ဖြစ်နေတာကြောင့် အရှုံးနဲ့အိမ်ပြန်ရမယ်လို့ ထင်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်က တော်တော်လေးကို ကောင်းနေတာကြောင့် နှစ်ဂိုးပြတ်အနိုင်ရသွားမယ်လို့ ယူဆထားပါတယ်။ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်သလို အနိုင်ရရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်တာကြောင့် ပရိတ်သတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်မဲ့ နောက်ဆုံးပွဲ ဖြစ်လာပါလိမ့်မယ်။
◾ဆောက်သမ်ပ်တန် Vs အာဆင်နယ်
ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းက တန်းဆင်းသွားရပြီဖြစ်သလို အာဆင်နယ်အသင်းကလည်း အဆင့်နှစ်နေရာကို သေချာနေတာကြောင့် ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဆောက်သမ်ပ်တန်အသင်းက အိမ်ကွင်းနောက်ဆုံးပွဲမှာ သရေကျအောင် ခံကစားနိုင်သလို အာဆင်နယ်အသင်းကလည်း အရန်ကစားသမားအချို့နဲ့ လူငယ်ကစားသမားတွေကို ပွဲထုတ်လာနိုင်ပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး နှစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဒီပွဲမှာ ဆောက်သမ်ပ်တန်တိုက်စစ်က ဂိုးရဖို့မလွယ်ဘဲ တကယ်လို့ ဂိုးရခဲ့ရင်တောင် တစ်ဂိုးပါပဲ။ ဒီပွဲမှာ အရမ်းညံ့တဲ့ဆောက်သမ်ပ်တန်တိုက်စစ်က အာဆင်နယ်ခံစစ်ကို ဂိုးမရနိုင်ဘူးလို့ ယူဆထားတာကြောင့် အာဆင်နယ်အသင်းရဲ့ သွင်းဂိုးတွေကိုပဲ မြင်ရမယ်လို့ ထင်ပါတယ်။ အာဆင်နယ်အသင်းကလည်း အရန်တွေနဲ့ ပွဲထွက်လာရင် အနိုင်ရရုံ ကန်သွားပြီး ဂိုးတွေအများကြီး သွင်းနိုင်မယ်လို့ မထင်ပါဘူး။ ဒီအတွက်ကြောင့် ဂိုးအောက်တစ်မျိုးတည်းကိုရွေးချယ်ပေးချင်ပါတယ်။
◾လီဗာပူး Vs ခရစ္စတယ်ပဲလေ့စ်
ဖလားယူပြီးနောက်ပိုင်းမှာ လီဗာပူးအသင်းဟာ အားထည့်ကစားခြင်းမရှိတော့ဘဲ အရန်ကစားသမားတွေကိုသာ ပွဲထုတ်လာတာကြောင့် နှစ်ပွဲရှုံးကာ တစ်ပွဲသရေကျခဲ့ပါတယ်။ ပဲလေ့စ်အသင်းက FA ဖလား ရယူထားနိုင်ခဲ့သလို ခြေစွမ်းကလည်း အရမ်းကောင်းနေတာကို တွေ့ရပါတယ်။ နှစ်သင်းလုံး ဘာမှမလိုအပ်တော့ဘူးဆိုပေမဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာ လီဗာပူးအသင်းဟာ သူတို့ပရိတ်သတ်တွေကို အနိုင်ရလဒ်နဲ့ ရာသီသိမ်းအောင် ပဲလေ့စ်အသင်းကို အနိုင်ရအောင် ကစားပြမယ်လို့ ထင်ပါတယ်။ ဒါဟာ ပေါက်ကြေးအရ သုံးသပ်ထားတာ ဖြစ်ပြီး ခြေစွမ်းကောင်းနေတဲ့ ပဲလေ့စ်အသင်းကို ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး လေးလုံးငါးဆယ်စားဆိုတာ အရမ်းပြင်းရှနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာ လီဗာပူးအသင်းဟာ အမှန်အကန်အားထည့်ကစားလာနိုင်တဲ့ပေါက်ကြေးမျိုးဖြစ်တာကြောင့် အထက်ကြေးတစ်ခုတော့ အနိုင်ရမယ်လို့ ထင်ပါတယ်။ လီဗာပူးဘော်ဒီရွေးမလား ဂိုးပေါ်ရွေးမလားဆိုရင်တော့ ငါးဂိုးပြည့်မှ ကြေးအပြည့်စားရမဲ့ ဂိုးပေါ်ထက် လီဗာပူးဘော်ဒီကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။
