၂၄.၅.၂၀၂၅
Written By Thandar
ယနေ့ မေလ ၂၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ On Road , Off Road မောင်းနှင်နိုင်တဲ့စွမ်းရည်မြင့် BAIC Myanmar က The Off-road Legend BJ60 ကားသစ်ကြီးမိတ်ဆက်ပွဲ အခမ်းအနားကို နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ထူးအောင်၊ ကျော်ထက်ဇော်၊ လီလီကျော်ခိုင်၊ အကယ်ဒမီရွှေထူး၊ ထက်ယံနဲ့ နီနီခင်ဇော်တို့ တက်ရောက်ခဲ့ကြပါတယ်။
“ဒီနေ့ကတော့ BAIC ရဲ့ ပထဆုံးပွဲထွက်လာတဲ့ SUV ကားသစ် BJ60 ဖြစ်ပါတယ်။ အဓိက စွမ်းဆောင်ချက်တွေကတော့ On-Road ရော Off-Road ရော နှစ်မျိုးလုံးမောင်းနှင်နိုင်တယ်။ ခရီးဝေးသွားတဲ့လူတွေ၊ မိသားစုနဲ့ခရီးသွားတဲ့လူတွေ၊ 7 seater ကြိုက်တဲ့လူတွေအတွက် လုံးဝ အမိုက်စားကားအမျိုးအစားလေးဖြစ်ပါတယ်။ ပါတဲ့ Features တွေ Functions တွေကလည်း လုံးဝကို အသုံးဝင်တယ်။ 4 Wheels Drive Locks ( Front and Rear differential locks) တပ်ဆင်ထားပြီးတော့ အတွင်းပိုင်း ထိုင်ခုံတွေမှာဆိုရင် ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ စီးလို့ရမယ့်ကားဖြစ်တယ်” လို့ Aung Gabar Motor Services Co.,Ltd ရဲ့ Marketing General Manager ဦးမြတ်သူက MT Entertainment ကို ပြောပါတယ်။
အဆိုပါ မိတ်ဆက်ပွဲကို နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ ထူးအောင်၊ ကျော်ထက်ဇော်နဲ့ လီလီကျော်ခိုင်တို့က ကိုယ်တိုင်ကားကို စမ်းသပ်မောင်းနှင်ပြီး တောင်ပေါ်ဒေသသွားလာရင်း လမ်းခရီးကြမ်းတွေကို ဖြတ်သန်းခဲ့ပုံတွေကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်တွေကို ရှင်းပြခဲ့ပါတယ်။
အဲဒီနောက် အဆိုတော် နီနီခင်ဇော်၊ ထက်ယံနဲ့ အကယ်ဒမီ ရွှေထူးတို့က ပရိသတ်ကြိုက်နှစ်သက်ခဲ့ကြတဲ့ တေးသီချင်းတွေ သီဆို ဖျော်ဖြေခဲ့ပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ BAIC Motor ရဲ့ EXLUSIVE DISTRIBUTOR အနေနဲ့ Aung Gabar Motor Services Co., Ltd. က ၂၀၁၃ ခုနှစ်က မှစပြီးတော့ BAIC Motor ရဲ့ (CBU/SKD) ကားတွေကို တင်သွင်းတပ်ဆင်ရောင်းချခြင်းကို တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
မေလ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ စတင်ပြီး ဝယ်ယူလိုသူတွေအနေနဲ့ Myanmar Plaza မှာ လာရောက်လေ့လာကြည့်ရှုနိုင်သလို Aung Gabar Motor Services Co.,Ltd. ရဲ့အရောင်းပြခန်းတွေနဲ့ BAIC dealers showroom တွေမှာ ကိုယ်တိုင်စမ်းသပ်မောင်းနှင်းပြီး ကျပ် ၂၇၂၈ သိန်းနှုန်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
#ထူးအောင် #ကျော်ထက်ဇော် #လီလီကျော်ခိုင် #အကယ်ဒမီရွှေထူး #ထက်ယံ #နီနီခင်ဇော်
#HtooAung #KyawHtetZaw #LiLIKyawKhaing #ShweHtoo #HtetYan #NiNiKhinZaw
TheOff-roadLegendBJ60 #BAICGroup #ANewEraofLuxuryAdventure #BAICBJ60








