၂၄.၅.၂၀၂၅
Translated by Htwe Ko Tun
လက်ရှိပြုလုပ်နေတဲ့ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲတွေမှာ တိုးတက်မှုရလဒ်မတွေ့ရလို့ ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိကောက်ခံသွားမယ်လို အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်က မေလ ၂၃ ရက်မှာ ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။
ထရန့်က သူတို့ရဲ့ အားကောင်းတဲ့ ကုန်သွယ်မှုအတားအဆီးတွေ၊ ကုန်ပစ္စည်းရဲ့ဝန်ဆောင်မှုအပေါ် စည်းကြပ်ခွန်တွေ၊ ငွေကြေးခြယ်လှယ်မှုတွေ၊ အမေရိကန်ကုမ္ပဏီတွေကို မျှတမှုမရှိတဲ့တရားစွဲမှုတွေနဲ့ တခြားအရာတွေက အမေရိကန်အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၀,၀၀၀,၀၀၀ (ဒေါ်လာသန်း ၂၅၀ )ဖြစ် ပေါ်စေတယ်။ ဒါကိုလက်မခံနိုင်ဘူးလို Truth Social လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
“ကျွန်တော်တိုဆွေးနွေးမှုတွေကလည်း တိုးတက်မှုမရှိကြဘူး။ ဒါကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်ကစပြီးတော့ ဥရောပသမဂ္ဂရဲ့ ကုန်ပစ္စည်းတွေကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ကောက်ဖို့ကျွန်တော် အကြံပေးခဲ့တယ်”လို့ ထရန့်က ပြောခဲ့ပါတယ်။
ဒါ့ပြင် ထရန့်က “ကျွန်တော်တို့ ဒီအတွက် တခြားသဘောတူညီမှုတွေရှာမနေပါဘူး။ သဘောတူညီမှုကိုရပြီးသားပါ။ ဒါက ၅၀ ရာခိုင်နှုန်း ကုန်သွယ်စည်းကြပ်ခွန်ကောက်ဖို့ပဲ”လို့ ထပ်မံပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ အမေရိကန်ဟာ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၃၆ ဘီလျံ ရှိခဲ့တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒါတွေက ထရန့်က ကိုးကားထားသောကိန်းဂဏန်းများထက်တောင် မြင့်နေပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတွေက ခေါင်းဆောင်တွေက ထရန့်ရဲ့ အခုလို ခြိမ်းခြောက်မှုတွေက နှစ်ဖက်ညှိနှိုင်းဆွေးနွေးနေမှုကို ထိခိုက်ပျက်ပြားစေပြီး အလွန်စိတ်ပျက်ဖို့ကောင်းပါတယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။
Ref- CNN
