MT News
၂၂. ၅. ၂၀၂၅
မန္တလေးငလျင်ကြီးကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုအောက်မှ ကျပ် ၂၆၃ သိန်းကျော်၊ ရွှေထည်ပစ္စည်း ၉၁ မျိုးနှင့် ကျောက်မျက်များ ယနေ့ တွေ့ရှိ၍ ပိုင်ရှင်ထံ ပြန်လည်လွှဲအပ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ယနေ့ မေလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B) အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ (B) အဆောင်၊ G (8) အခန်းမှ တွေ့ရှိသော မြန်မာငွေ ၂၆၃၂၈၀၀၀ ကျပ်၊ ရွှေလက်ကောက် ၂၀ ကွင်း၊ ရွှေလက်စွပ်၂၄ ကွင်း၊ ရွှေဆွဲကြိုး ၉ ကုံး၊ ရွှေနားကပ် ၁၆ ရံ၊ ရွှေဆွဲသီး ၁၄ လုံး၊ ရွှေကလစ် ၂ ခု၊ ရွှေဟန်းချိန်း ၃ ကုံး၊ ရွှေဘယက် ၁ ကုံး၊ ရွှေဆံညှပ် ၁ ခု၊၂ ကျပ်သားရွှေတုံး ၁ တုံး၊ မိုးကုတ်ကျောက်သေး ၁၈ ထုပ်၊ မျှောကျောက် ၅ တုံး(အရိုင်း)၊ မျှောကျောက် ၇ တုံး(အချော)၊ Passport စာအုပ် ၂ အုပ်၊ ကားအုံနာဘုတ် ၃ အုပ်နှင့် အရေးကြီးစာရွက်စာတမ်းများအား တွေ့ရှိခဲ့သည်။
အဆိုပါတွေ့ရှိပစ္စည်းများကို ချက်ချင်းပင် ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတစ်ဆင့် ပိုင်ရှင်ဖြစ်သူထံသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟုလည်း မီးသတ်ဦးစီးဌာနမှ သိရသည်။


