၂၂.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ယူထိုင်းတာနီပြည်နယ်မှာ ကျောင်းဆရာတစ်ဦးက သူ့ရဲ့ ကျောင်းမှာ လင်းနို့လူသားမျက်နှာဖုံးကိုပဲဝတ်ပြီး မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်ဟန်ပြဗီဒီယိုရိုက်ခဲ့တာကြောင့် အလုပ်မှထုတ်ပယ်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဆီရိပွန်အန်ခါဆာကူလ်ကီရတ်က အမည်ကိုတော့ ထုတ်ဖော်ခြင်းမရှိတဲ့ ထိုကျောင်းဆရာကို ကျောင်းဆရာများဝန်ဆောင်မှုနဲ့ ပညာရေးဆိုင်ရာပုဂ္ဂိုလ်များကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ ထုတ်ပယ်ခဲ့တာလို့ မေလ ၂၁ ရက်က ပြောခဲ့ပါတယ်။
အဆိုပါကော်မရှင်က ကျောင်းဆရာရဲ့လုပ်ဆောင်မှုက တပည့်တွေကို ပြင်းထန်စွာ ထိတ်လန့်စေခဲ့တယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်ရလဒ်အရ ကော်မရှင်က ကျောင်းသူကျောင်းသားတွေကို ထိုဆရာရဲ့အပြုအမူက ကာကွယ်ပေးဖို့ တိုင်ကြားအစီရင်ခံခဲ့သူ တခြားဆရာနှစ်ဦးကိုတော့ လစာတိုးမြှင့် ချီးမြှင့်ခဲ့တယ်လို့ ဆီရိပွန်က ပြောခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို နှစ်လကြာစုံစမ်းစစ်ဆေးပြီးမှ မျှတစွာချမှတ်ခဲ့တာလို့လည်း ဆီရိပွန်က ဆိုပါတယ်။
လူသိများတယ်ဆိုတဲ့ အဆိုပါစာသင်ကျောင်းမှာ သင်္ချာဘာသာရပ်သင်ကြားတဲ့ အဲဒီဆရာက အွန်လိုင်းမှာ သူ့ကိုယ်သူ မသင့်တော်တဲ့ ကိုယ်ဟန်တွေနဲ့ ဗီဒီယိုတွေကိုလည်းလွှင့်တင်ကာ အထူးအဆန်းဖြစ်အောင်လုပ်ခဲ့တာပါ။
ဗီဒီယိုတွေမှာ ကာကီရောင်ယူနီဖောင်းနဲ့ လူတစ်ယောက်ကိုတွေ့ကြရပြီး သူက စာသင်ခန်းထဲမှာ အဝတ်မဝတ်ဘဲနေတဲ့ ကျောင်းဆရာပါ။ သူက လင်းနို့လူသား မျက်နှာဖုံး ဆိုတာတစ်ခုပဲဝတ်ထားပြီး သူ့ရဲ့လည်ပင်းမှာ သံကြိုးတစ်ချောင်နဲ့ လိင်အင်္ဂါတွေမှာ အရာဝတ္တုတစ်ခု ချိတ်ဆွဲထားပါတယ်။ ကျောင်းဆရာဖြစ်သူက သူ့ကိုယ်သူ ကျောင်းရဲ့ စင်္ကြန်တစ်ခုနဲ့ လမ်းဘေးလူသွားလမ်းမှာ ဒီဗီဒီယိုတွေကိုရိုက်ခဲ့ပြီး ခွေးတစ်ကောင်လို ဆီးသွားဟန်ဆောင်ခဲ့သေးတာလို့ သိရပါတယ်။
Ref- Bangkok Post
