
၁၉. ၅.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ်၊ (၆၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ KBA ဆိုးပြားစက်ရုံတွင် ရော်ဘာစက်မှထွက်ရှိသော ရော်ဘာပြားများထပ်ထားရာမှ အောင်းပူဖြစ်၍ မီးလောင်မှု ယနေ့ မေလ ၁၉ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မိနစ် ၄၀ ခန့် ကြာမြင့်သော မီးလောင်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၄၅ ပေရှိ အုပ်ညှပ် နှစ်ထပ်အဆောက်အအုံနှင့် ရော်ဘာကုန်ကြမ်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၃ စီး၊ ရေသယ်ယာဥ် ၈ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ရော်ဘာဆိုးပြားစက်ရုံ မီးလောင်မှုကြောင့် အသက် ၄၂ နှစ်အရွယ် မန်နေဂျာ ဦးခင်မောင်ထွေးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။





