
၁၉. ၅. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ ၁၇ ရက် စနေနေ့တွင် မြန်မာနိုင်ငံသို့ ဒေါင်းအမွှေးအရိုး ၇၂,၀၀၀ တင်ပို့ရန်စီစဉ်နေသူ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
အိန္ဒိယ-မြန်မာနယ်စပ်ကိုဖြတ်၍ ဒေါင်းအမွှေးအရိုးများ တရားမဝင် တင်ပို့နေသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုကို ကြီးကြီးမားမား နှိမ်နင်းနိုင်ခဲ့သည်အဆိုပါ ဖမ်းဆီးမှုကို မေလ ၁၇ ရက်နေ့က ကာ့ချင်ခရိုင်ရှိ ပလဲ(Pallel)ရဲစခန်းဂိတ်အနီးတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည်။
ဖမ်းဆီးခံရသူမှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တန်ဂနိုပါလ်ခရိုင်၊ မိုးရေးမြို့နယ် အမှတ် ၅၊ မွတ်စလင်မ်နာဂါ လိုင်ဘွတ် လေကိုင်တွင် နေထိုင်သူ မိုဟာမက် ရှာရီဖွတ်ဒင်ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က မိုဟာမက် ရှာရီဖွတ်ဒင်ထံမှ သိမ်းဆည်းရမိသော ပစ္စည်းများတွင် သေနတ်တစ်လက်၊ ကျည်ဆန်များ၊ မိုဘိုင်းလ်ဖုန်းများ၊ ဆင်းမ်ကတ်များနှင့် ခြိမ်းခြောက်ယူထားသော ငွေများ ပါဝင်သည်။
နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်မှုကွန်ရက်များနှင့် ဒေသတွင်း သူပုန်လှုပ်ရှားမှုများကို ပစ်မှတ်ထားသည့် ယခုကဲ့သို့သော စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Ref Hindustan Times & India Today