
MT News
၁၈.၅.၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံနှစ်ခုကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် တွန်းအားပေးရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့နှင့် တနင်္လာနေ့တွင် သီးခြားစီ စကားပြောဆိုမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။
“ကျွန်တော် တနင်္လာနေ့၊ မနက် ၁၀ နာရီမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တယ်လီဖုန်းပြောမှာပါ” ဟု ထရမ့်ပ်က Truth Social တွင် တင်ထားသော ပို့စ်တစ်ခု၌ ပြောကြားခဲ့ပြီး စကားပြောဆိုမည့် အကြောင်းအရာများမှာ ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ရုရှားနှင့် ယူကရိန်းစစ်သား ၅,၀၀၀ ကျော်ကို သေဆုံးစေသည့် “သွေးထွက်သံယိုမှု” ကို ရပ်တန့်ရန်နှင့် ကုန်သွယ်ရေးတို့ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ထရမ့်က “အဲဒီနောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနဲ့ စကားပြောမှာဖြစ်ပြီး၊ အဲဒီနောက် သမ္မတ ဇယ်လန်းစကီးနဲ့အတူ နေတိုးအဖွဲ့ဝင် အများအပြားနဲ့ စကားပြောမှာပါ” ဟုလည်း ပြောကြားခဲ့သလို”မျှော်လင့်တာကတော့ ထိရောက်တဲ့နေ့တစ်နေ့ဖြစ်မှာပါ” ဆိုသည်နှင့် “အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာမှာပါ” ဟု ၎င်းက ပြောခဲ့သည်။
သောကြာနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ပြုလုပ်သော နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး အစည်းအဝေးကို အဆုံးသတ်ရာတွင် ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် ဆွေးနွေးပွဲအသစ်တစ်ကြိမ် ပြုလုပ်ရန်နှင့် အကျဉ်းသားလဲလှယ်မှု ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။ နှစ်နာရီကြာ ဆွေးနွေးပွဲ၏ အဓိကရလဒ်အနေဖြင့် နှစ်ဖက်စလုံးမှ လူ ၁,၀၀၀ စီ ပါဝင်သော အကျဉ်းသားလဲလှယ်မှုကို သဘောတူညီခဲ့ကြသည်။
Ref, Xinhua
