
၁၇. ၅. ၂၀၂၅
Written by MAK
◾ မန်စီးတီး Vs ခရစ္စတယ်ပဲလေ့စ်
အင်္ဂလန် FA ဖလား ဖိုင်နယ်ပွဲစဥ်ဖြစ်ပြီး ဝင်ဘလေကွင်းထဲမှာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အမှတ်ပေးပွဲ တွေ့ဆုံမှုမှာဆိုရင် ပဲလေ့စ်ကွင်းမှာ သရေကျခဲ့ပေမဲ့ မန်စီးတီးကွင်းမှာတော့ မန်စီးတီးအသင်းက ဂိုးပြတ်အနိုင်ရထားတာကို တွေ့ရပါတယ်။ ပဲလေ့စ်အသင်းက အောက်အဆင့်တွေမှာ ဖူဟမ်နဲ့ဗီလာတို့လို အသင်းကောင်းတွေကို အနိုင်ရပြီး ဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန် တန် တက်ရောက်လာတာဖြစ်သလို လက်ရှိခြေစွမ်းကလည်း မန်စီးတီးအသင်းကို ဒုက္ခကောင်းကောင်း ပေးနိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ ဒီရာသီမှာ ရရှိနိုင်တဲ့ တစ်ခုတည်းသော ဖလားဖြစ်ပြီး ခြေစွမ်းကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေတာကြောင့် ဒီဖိုင်နယ်ပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်ဆိုတာ သေချာနေပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ မန်စီးတီးအသင်းက ဘောလုံးကိုင်ကစားလာနိုင်တဲ့အတွက် ပဲလေ့စ်အသင်းက ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်ကို အဓိကအသုံးပြုလာနိုင်ပါတယ်။ တကယ်လို့ ပဲလေ့စ်အသင်းကသာ တစ်ဂိုးလောက်ရသွားရင် ဒီပွဲက မိနစ်ကိုးဆယ်အတွင်းမှာ သရေကျသွားနိုင်ခြေရှိပါတယ်။ တန်ပြန်တိုက်စစ်ကောင်းတဲ့ ပဲလေ့စ်အသင်း ဂိုးရနိုင်တယ်လို့ ယူဆထားသလို မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးက ပျော့နေတာကြောင့် ဒီပွဲကို သရေကျသွားမယ်လို့ထင်ပါတယ်။ အချိန်ပိုနဲ့ ပင်နယ်လ်တီရောက်မှ မန်စီးတီးအသင်းက အနိုင်ရသွားနိုင်ပေမဲ့ ပွဲချိန်အတွင်းမှာ သရေကျသွားနိုင်တာကြောင့် အောက်အသင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾ဒေါ့မွန် Vs ဟော့စတိန်းကီး
ဂျာမာန်ဘွန်ဒက်လီဂါ နောက်ဆုံးပွဲစဥ်တွေဖြစ်တာကြောင့် စနေညမှာ ကိုးပွဲလုံး ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ တစ်ဖက်က ဟော့စတိန်းကီးအသင်းက တန်းဆင်းသွားရပြီဖြစ်ပေမဲ့ ဒေါ့မွန်အသင်းအတွက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ဂိုးပြတ်နိုင်ပွဲရဖို့ လိုနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်တွေဖြစ်တဲ့ ဖရိုင်းဘတ်အသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ ထိပ်တိုက်တွေ့နေတာကြောင့် တကယ်လို့ အိမ်ရှင်ဖရိုင်းဘတ်အသင်းသာ အနိုင်ရသွားရင် ဒေါ့မွန်အသင်းအနေနဲ့ ဂိုးပြတ်အနိုင်ရထားဖို့ လိုအပ်နေပြီး အိမ်ကွင်းပွဲမှာ ကိုယ်ပိုင်အခွင့်အရေးကို အသုံးချထားဖို့ လိုအပ်ပါတယ်။ ဒီပွဲစဥ်မှာ ဒေါ့မွန်အသင်းက ဘော်ဒီကြေး နှစ်လုံးကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ ပြင်းရှနေပြီး ဂိုးကွာခြားချက်ကို နှိုင်းယှဥ်ရနိုင်တဲ့အတွက် ဒေါ့မွန်အသင်းအနေနဲ့ အနိမ့်ဆုံး နှစ်ဂိုးပြတ်ဖို့လိုနေပါတယ်။ ဒေါ့မွန်အသင်းက နောက်ဆုံးငါးပွဲဆက် အနိုင်ရထားပြီး ငါးပွဲလုံးကို အနိမ့်ဆုံးအနေနဲ့ သုံးဂိုးအထိသွင်းထားနိုင်တဲ့ တိုက်စစ်က ဒီပွဲမှာလည်း ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်သွားမယ်လို့ ထင်ပါတယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်တွေရဲ့ အားပေးမှုနှင့်အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားလာနိုင်တာကြောင့် ဒေါ့မွန်ဘော်ဒီကို ရွေးချယ်ကစားသင့်ပါတယ်။

◾လိုက်ဇစ် Vs စတုဂတ်
လိုက်ဇစ်အသင်းအနေနဲ့ ဥရောပဝင်ခွင့်ရဖို့အတွက် နိုင်ပွဲလိုအပ်နေပြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ မိန့်စ်အသင်းက လေဗာကူဆင်အသင်းနဲ့ ပွဲကြပ်ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲကို အနိုင်ရထားဖို့ လိုပါတယ်။ စတုဂတ်အသင်းကလည်း ခြေစွမ်းကောင်းနေတာ ဖြစ်ပေမဲ့ အမှတ်မလိုတာကြောင့် အိမ်ရှင်လိုက်ဇစ်အသင်းရဲ့ စိတ်ဓာတ်နဲ့ကစားအားကတော့ လုံးဝအသာရနိုင်ပါတယ်။ ဒီပွဲမှာ လိုက်ဇစ်အသင်းက ဘော်ဒီကြေးကို သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးငါးဆယ်စား ဖြစ်ပါတယ်။ နောက်ဆုံးပွဲစဥ်တွေဖြစ်တာကြောင့် ဂိုးပေါင်းကြေးတွေ အရမ်းမြင့်မားနေတာကို တွေ့ရပြီး ဘော်ဒီကြေးက ပျော့တယ်လို့ ထင်ရပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ စတုဂတ်အသင်းက ခြေစွမ်း အရမ်းမညံ့ဘဲ ပထမအကျော့မှာ လိုက်ဇစ်အသင်းကို သရေအရှုံးပေးခဲ့ပြီး အနိုင်ရခဲ့သလို ပိုကယ်ဖလားမှာလည်း လိုက်ဇစ်အသင်းကို ဂိုးပြတ်ထပ်နိုင်ထားပါတယ်။ ဒီလိုအသင်းမျိုးကို သရေအရှုံးပေးထားတဲ့ လိုက်ဇစ်အသင်းရဲ့ ဘော်ဒီကြေးက မျှတတယ်လို့ ထင်ပါတယ်။ လိုက်ဇစ်အသင်းအနေနဲ့ အနိုင်ရမှ ဖြစ်ပေမဲ့ အမှတ်မလိုတဲ့စတုဂတ်အသင်းအတွက်က အရေးမကြီးတာကြောင့် အိမ်ကွင်းနောက်ဆုံးပွဲမှာ အားထည့်ကစားပြီး အနိုင်ရသွားနိုင်တာကြောင့် လိုက်ဇစ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾စိန့်အက်တီနီ Vs တူးလော့စ်
ပြင်သစ်လီဂူးဝမ်း နောက်ဆုံးပွဲစဥ်ဖြစ်ပြီး အမှတ်မလိုတဲ့ တူးလော့စ်အသင်းက အရေးမကြီးပေမဲ့ ဒီပွဲမနိုင်ရင် တန်းဆင်းရဖို့ သေချာနေတဲ့ စိန့်အက်တီအသင်းကတော့ လုံးဝအရေးကြီးပါတယ်။ တန်းဆင်းဇုန်ပြိုင်ဘက်ဖြစ်တဲ့ လီဟာဗေးအသင်းက စထရာဘော့နဲ့ အသည်းအသန်ကစားရဖို့ရှိနေတာကြောင့် စိန့်အက်တီအသင်းအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် တန်းဆင်းဇုန် Play – off နေရာကို ရနိုင်ပါတယ်။ စထရာဘော့အသင်းက ဥရောပဝင်ခွင့်ရဖို့ကြိုးစားနေတာကြောင့် အနိုင်ကစားမှာ ဖြစ်သလို စထရာဘော့ကွင်းမှာ လီဟာဗေးအသင်းအနေနဲ့ သရေရဖို့တောင် မလွယ်ပါဘူး။ ဒီအတွက်ကြောင့် ပြိုင်ဘက်လီဟာဗေးအသင်းက ပွဲကြပ်တွေ့နေချိန်မှာ စိန့်အက်တီအသင်းအနေနဲ့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်စိန့်အက်တီအသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ စိန့်အက်တီအသင်းအနေနဲ့ သရေကျလို့တောင်မရဘဲ လုံးဝနိုင်ပွဲရမှ မျှော်လင့်ချက်ရှိမှာ ဖြစ်တာကြောင့် ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်ထားဖို့ လိုပါတယ်။ တန်းဆင်းသွားရရင် တန်းပြန်တက်ဖို့ မလွယ်ကူတာကြောင့် ဒီလိုပွဲမျိုးကို ရေကုန်ရေခမ်းကစားမယ်လို့ ထင်ပါတယ်။ သူတို့မနိုင်ခဲ့ရင် တန်းဆင်းရမှာ ဖြစ်တာကြောင့် အသေအလဲ ကြိုးစားလာမဲ့ အိမ်ရှင်စိန့်အက်တီအသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
◾PSG VS အော့ဇေး
PSG အသင်းက ဖလားရပြီးသား ဖြစ်ပေမဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိတ်သတ်တွေကို အနိုင်ရလဒ်နဲ့ ပျော်ရွှင်မှု ပေးနိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။ နောက်ခုနှစ်ရက်နေရင် ပြင်သစ်ကိုပါဒယ်ရေးဖလား ဗိုလ်ပွဲကစားရမှာ ဖြစ်သလို အဒီပွဲပြီးလို့ နောက်ခြောက်ရက်နေရင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားရမှာ ဖြစ်တယ်။ ဖလားပွဲတွေဆက်တိုက်ကစားရမှာ ဖြစ်တာကြောင့် နည်းပြအင်းနရစ်အနေနဲ့ အဓိက ကစားသမားတွေကိုပိုမိုအတွဲအဖက်မိစေဖို့နဲ့ ပွဲအလှမ်းမဝေးစေဖို့ အသုံးပြုလာနိုင်ပါတယ်။ ဒီပွဲမှာ အဓိက ကစားသမားတွေကို ပွဲထုတ်လာပြီး ဂိုးတွေရအောင်သွင်းမှာ ဖြစ်သလို အရန်ကစားသမားတွေဝင်လာရင်လည်း ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ အော့ဇေးအသင်းက အမှတ်မလိုတာကြောင့် အရေးမကြီးသလို PSG အသင်းသာ တကယ်ကန်ရင် ဂိုးမပြတ်စရာ မရှိပါဘူး။ ဒီပွဲစဥ်မှာ PSG အသင်းက ဘော်ဒီကြေး နှစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးသရေ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖလားယူမှာဖြစ်သလို အိမ်ကွင်းနောက်ဆုံးပွဲမှာ ဂိုးပြတ်အနိုင်ရအောင် ကစားပြမဲ့ PSG အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
