MT News
၁၇. ၅. ၂၀၂၅
ယခုလကုန်တွင် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမည်ဟု အလုပ်သမားအေဂျင်စီ ၂၈ ခုကို အလုပ်သမားဝန်ကြီးဌာနက သတိပေးလိုက်သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ နိုင်ငံအလိုက်အလုပ် သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြကြရန် ၇-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ အခွန်စည်းကြပ်မှုခံယူရမည့် အေဂျင်စီများအနက် အခွန်ပေးဆောင်ခြင်းမရှိသေးသည့် အေဂျင်စီများကို ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့နောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူကြရန် ၉-၅-၂၀၂၅ ရက်နေ့တွင် လည်းကောင်း သက်ဆိုင်ရာအေဂျင်စီများထံသို့ အကြောင်းကြားခဲ့ပြီးဖြစ်သည်။
ထိုသို့ အကြောင်းကြားခဲ့သော်လည်း အခွန်စည်းကြပ်မှုခံယူခြင်းမရှိသည့် အေဂျင်စီ ၂၈ ခုအနေဖြင့် ၃၁-၅-၂၀၂၅ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် အခွန်စည်းကြပ်မှုခံယူ၍ အချိန်မီတင်ပြကြရန်နှင့် အခွန်ပေး ဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ပယ်ဖျက်၍ အမည်မည်း (Black List) စာရင်းရေးသွင်းမည်ဖြစ်ကြောင်း အသိပေးထားသည်-
အခွန်ပေးဆောင်ခြင်းမရှိသေးသည့်အတွက် သတိပေးခံရသော အေဂျင်စီများမှာ AUNG SAN MOE CO., LTD , ROYAL FOUR SEA SERVICES CO., LTD, DIAMOND BAGAN GENERAL SERVICES CO., LTD, S.M.Z CO.,LTD., FORE SIGNAL INT’L SERVICES CO; LTD, SEVEN DAY AYAR LWIN CO., LTD, FORERUNER MYANMAR CO., LTD, SHWE LWIN LWIN CO., LTD, GLOBAL CHAMPION CO., LTD, SHWE POE MYANMAR GROUP CO.,LTD, HTOO AUNG HLYAN CO.,LTD, SHWE THIRI CHAN THAR SERVICES CO., LTD, JJA SUPPORT CO.,LTD, SHWE ZIN INTER CO., LTD, JMK Service Co., Ltd, SOTHERN TREASURE CO., LTD, JOB SUCCESS CO., LTD, SUPER TIP CO., LTD, MAX SUCCESS CO., LTD, SWAN AUNG MYIN GENERAL SERVICES CO.,LTD, MINGALAR ASIA CO.,LTD, THAW TAR MYINT MOH SERVICES CO., LTD, MOE MOE FAMILY GENERAL SERVICES CO., LTD, VEGA & MIRA CO.,LTD, MYA YEIK HLYAN CO.,LTD, YA WAI MYAING FAMILY CO., LTD, NGWE KYAL WINT CO.,LTD, YADANAR SU LATT CO., LTD တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
