၁၇.၅.၂၀၂၅
Written By Thandar
Mahar Original Movie ဖြစ်တဲ့ လူငယ်ဆန်ဆန် အချစ်ဇာတ်လမ်းပုံစံ “နွေရာသီ၃၆” ဇာတ်ကားကို မနက်ဖြန် မေလ ၁၈ ရက်မှာ Mahar Application က စတင် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကား Premiere Show ပွဲအခမ်းအနားကို ယနေ့ မေလ ၁၇ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီကားလေးက ရိုမန့် ဒရာမာဇာတ် လမ်းပုံစံလေးပါ။ ဟာသပုံစံလေးတွေလည်း ပါပါတယ်။ နွေရာသီမှာ၊ ၃၆ လမ်းမှာ ဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်ထားတာဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အရင်မြင်နေကြ ပုံစံလိုမျိုး ခပ်အေးအေး ပုံစံမျိုး မဟုတ်ဘဲ ခပ်သွက်သွက် ပုံစံလေး မြင်ရမှာပါ။ ရိုက်ရတာလည်း ဆူးလေတစ်ဝိုက်မှာ ရိုက်ခဲ့ရတာဆိုတော့ ပျော်ဖို့ကောင်းပါတယ် “လို့ သရုပ်ဆောင် မင်းဘုန်းမြတ်က ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ကောင်းမြတ်သူကျော်က လူငယ်ဆန်ဆန်အချစ်ကားကို ကြိုက်နှစ်သက်သူတွေအတွက် ပုံဖော်ထားတဲ့ ဇာတ်ကားလို့ ဆိုပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဘုန်းမြတ်၊ ထက်ထက်ထွန်း၊ ထူးနိုင်လင်း၊ တာတာ၊ အေဏီဇော်၊ ဒေါ်ဝေဝေခင်၊ ထက်အောင်လင်းနဲ့ အနုပညာရှင်များစွာကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
“ဒီကားထဲမှာတော့ ပုံမှန် ပုံစံလေးပါပဲ။ အင်္ဂလိပ်ကျောင်းမှာ ကလေးတွေကို စာသင်ပေးတဲ့ အင်္ဂလိပ် ဆရာမလေး ပုံစံ သရုပ်ဆောင်ထားပါတယ်။ လူငယ်ကာရိုက်တာလည်းဖြစ်တော့ ခပ်စွာစွာ ခပ်သွက်သွက်ပုံစံလေး သရုပ်ဆောင်ထားပါတယ် “လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။
“နွေရာသီ ၃၆” ဇာတ်ကားက ရန်ကုန်မြို့ Down town Area ရဲ့ အလှအပတွေနဲ့ လူငယ်ဆန်ဆန် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်ရိုက်ကူးထားပြီး Mahar Application က ပြသမှာဖြစ်ပါတယ်။
#မင်းဘုန်းမြတ် #ထက်ထက်ထွန်း
#ထူးနိုင်လင်း #တာတာ #နွေရာသီ၃၆ဇာတ်ကား #MinBhoneMyat #HtetHtetTun #TarTar #HtooNaingLin #MaharApplicationOriginal
#SUMMEROFTHIRTYSIX







