
၁၇. ၅. ၂၀၂၅
Translated by Tha Doe
ကမ္ဘောဒီးယားနိုင်ငံရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြီးမားဆုံးဘုရားကျောင်းတစ်ခုဖြစ်တဲ့ အန်ကောဝတ်ဘုရားကျောင်းမှာ မိုးကြိုးခမှုဖြစ်ပွားတာကြောင့် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု မေလ ၁၆ ရက်ညနေက ဖြစ်ပွားခဲ့ပါတယ်။
ဒေသတွင်း လုံခြုံရေးသတင်းရင်းမြစ်တွေအဆိုအရ မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ(ယ)ပ်မြို့ရှိ အန်ကောဝပ်ဘုရားကျောင်းတော်ဝင်းအတွင်း မိုးကြိုးပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ဒါဇင်နဲ့ချီတဲ့ ဘုရားဖူးပြည်သူတွေ ဒဏ်ရာရရှိမှုမှာ ထိခိုက်သူများစုက ဖနွမ်းပင်မြို့နဲ့ ကမ်ပို့ပြည်နယ်က ကမ္ဘောဒီးယားနိုင်ငံသားတွေဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာကိုအလျင်အမြန်ရောက်ရှိလာပြီး ဒဏ်ရာရရှိသူတွေကို အနီးအနားက ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ဒေသခံကမ္ဘောဒီးယားလူမျိုးတွေက မိုးရွာသွန်းနေချိန် ကျောင်းတော်ထိပ်မှာ ပြုလုပ်တဲ့ ရိုးရာဘာသာရေးပွဲတော်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်အထိတော့ ကမ္ဘောဒီးယားအာဏာပိုင်တွေက ထိခိုက်သေဆုံးသူ အရေအတွက်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ကနဦးအကဲဖြတ်ချက်တွေအရ ဘုရားကျောင်းဝင်းအတွင်း မိုးကြိုးကာကွယ်ရေးစနစ်မရှိတာ ဒါမှမဟုတ် မိုးကြိုးလွှဲ လုံလောက်မှုမရှိတာက မိုးကြိုးခမှုဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒီလိုမျိုး ကြေကွဲဖွယ်သတင်းဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီးနောက် လူမှုကွန်ရက်ပေါ်က ကမ္ဘောဒီးယားနိုင်ငံသားများစွာဟာ ဖြစ်နိုင်ခြေရှိတဲ့ ခရီးသွားတွေ စိုးရိမ်ထိတ်လန့်မှုက ရှောင်ရှားဖို့နဲ့ နိုင်ငံ့ပုံရိပ်ကို ကာကွယ်ဖို့အတွက် အန်ကောဝတ်ကျောင်းတော် မိုးကြိုးခမှုသတင်းကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref Bangkok Post & Khmer Times



