NO SALES; NO ARCHIVE; RESTRICTED TO EDITORIAL USE ONLY. NOTE TO EDITORS: This handout photos may only be used for editorial reporting purposes for the contemporaneous illustration of events, things or the people in the visual or facts mentioned in the caption. Reuse of the videos may require further permission. MANDATORY CREDIT – Sadiq Asyraf/ Prime Minister’s Office of Ma

၁၅.၅.၂၀၂၅.
Translated by Htwe Ko Tun
အနောက်အုပ်စုနိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်နေရတဲ့ကြားကပဲ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အလေးထားတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကို မေလ ၁၄ ရက်က ကရင်မလင်နန်းတော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ မြို့ပြလေကြောင်းပျံသန်းရေးအဖွဲ့ က ၂၀၁၄ ခုနှစ်မှာ ယူကရိန်းနယ်စပ်မှာ ပစ်ချခံခဲ့ရတယ် လို့ဆိုတဲ့ မလေးရှားလေကြောင်းလိုင်းမှ ပျံသန်းမှုခရီးစဉ် အမှတ် MH17 ပျက်ကျမှုမှာ ရုရှားကတာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့အပြီး နှစ်ရက်အကြာမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ ခုလိုတွေ့ခဲ့ကြတာပါ။ ဒီလို အချိန်ကိုက်ဖြစ်ရပ်တွေ ရှိနေပေမယ့် နှစ်နိုင်ငံ လေကြောင်းတိုက်ရိုက်ပျံသန်းမှုတွေပြုလုပ်ဖို့ နှစ်နိုင်ငံစလုံးက စဉ်းစားနေတယ်လို့ ပူတင်က ဆိုပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် က အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ (ICAO) ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့ ရုရှားနိုင်ငံကို လာရောက်မယ့်ခရီးစဉ်ကို လမ်းလွဲပျက်ပြားစေဖို့ ကြိုးစားအားထုတ်မှုတစ်ရပ်လုပ်ခဲ့တာပဲလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဆွေးနွေးပွဲက နှစ်နိုင်ငံအကျိုးတူနဲ့ နိုင်ငံတကာကိစ္စရပ်တွေ အပြည့်အဝပါဝင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမို နက်ရှိုင်းစေဖို့ ခိုင်မာတဲ့စီမံချက်တွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ သမ္မတပူတင်က ပြောခဲ့ပါတယ်။ ဒါ့ပြင် သူက ရုရှား-မလေးရှား အစိုးရချင်းကြား စီးပွားရေးကော်မရှင်ရဲ့ နောက်အစည်းအဝေးကို ဆောင်းဦး ကာလမှာ ပြန်လည်ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။
သဘာဝဓာတ်ငွေ့နဲ့ နျူကလီးယားစွမ်းအင်အတွက် အလားအလာရှိတဲ့ ဖက်စပ်စီမံကိန်းတွေအပါအဝင် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကလည်းအနာဂတ်ဖွံ့ဖြိုးတိုးတက်လာမှုအတွက် အဓိကကျတဲ့ နယ်ပယ်ဖြစ်တယ်ဆိုတာ ဆွေးနွေးပွဲက မီးမောင်းထိုးပြခဲ့တာပဲလို့ ဆိုကြပါတယ်။
ဒီအပတ်ထဲမှာပဲ ရုရှားဖက်ဒရေးရှင်းရဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ တာတာစတန်မှာကျင်းပမယ့် ရုရှား-အစ္စလာမ္မစ် ကမ္ဘာ့ညီလာခံကိုတက်ရောက်မှာဖြစ်တဲ့ အန်ဝါက သမ္မတပူတင်ကို အောက်တိုဘာလအတွင်း မလေးရှားမှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့လည်း ဖိတ်ကြားခဲ့ပါတယ်။
မေလ ၁၄ ရက်အစောပိုင်းမှာ ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုတင်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ စွမ်းအင်၊ စက်မှု၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းတွေရခဲ့တယ်လို့လည်း အန်ဝါက ပြောခဲ့ပါတယ်။
အန်ဝါက နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ ပိတ်ဆို့မှုတွေနဲ့ ဆက်စပ်နေတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပြီး မလေးရှားအနေနဲ့ ရုရှားနိုင်ငံရဲ့ အစားအသောက်မှာ သွင်းကုန် အမှီပြုနေရာကနေ ကိုယ့်လိုအပ်ချက်အတွက် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့နိုင်ငံအဖြစ်ကို ပြောင်းလဲခဲ့တာကို လေ့လာဖို့ ရည်ရွယ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ရုရှားအစိုးရက ၂၀၁၄ ခုနှစ်မှစလို့ အနောက်အုပ်စုရဲ့ သူ့အပေါ်ပိတ်ဆို့မှုတွေကိုလက်တုံ့ပြန်တဲ့အနေနဲ့ အနောက်နိုင်ငံတွေကထွက်တဲ့ အစားအစာတွေကိုလည်း တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။
Ref- Moscow Times