
MT News
၁၃. ၅. ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လေးကောင်ဂျင် လောင်းကစားပြုလုပ်သူ အမျိုးသား၊ အမျိုးသမီး ၂၈ ဦးအား ဝမ်းတွင်းရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မေ ၁၁ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးရွာနေ ကျော်ကျော်(၄၂)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဝမ်းတွင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ကျော်ကျော်ပါ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦးတို့အား လေးကောင်ဂျင် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဂျင်သီး သုံးလုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၇၉၆,၅၀၀ ကျပ် တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ကျော်ကျော်ပါ ဖမ်းမိသူ ၂၈ ဦးအား ဝမ်းတွင်းမြို့မရဲစခန်းက (ပ)၄၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
