
၁၃.၅.၂၀၂၅
Translated by Htwe Ko Tun
မေလ ၇ ရက်မှ မေလ ၁၀ ရက်အထိ လေးရက်ကြာ အိန္ဒိယနိုင်ငံနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ပါကစ္စတန်အစိုးရ က စုစုပေါင်းစစ်ဖက်အမှုထမ်း ၁၁ ဦး ကျဆုံးခဲ့ရပြီး ပါကစ္စတန်လေတပ်နဲ့ ကြည်းတပ်တို့မှ ၇၈ ဦးဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံကတော့ စစ်ပွဲကာလအတွင်း စစ်ဖက် အမှုထမ်း ငါးဦးကျဆုံးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
အိန္ဒိယစစ်ဖက်က ပါကစ္စတန်နဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေအတွင်း အကြမ်းဖက် တို့တည်ရှိရာ ပစ်မှတ်ကိုးခုကို သူ့ရဲ့တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက် သမား ၁၀၀ ကျော် သေဆုံးစေခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့ပြင် ပါကစ္စတန်တို့ရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တုံ့ ပြန်ခဲ့ရာမှာ ပါကစ္စတန်စစ်ဖက်က အယောက် ၃၀ မှ ၄၀ ထိသေဆုံးစေခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယဘက်က အကြမ်းဖက်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ပါကစ္စတန်စစ်ဖက်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို အိန္ဒိယစစ်စခန်းတွေနဲ့ လူနေရပ်ကွက်တွေကိုပါ ပစ်မှတ်ထားပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အိန္ဒိယဘက်ကလည်း ပါကစ္စတန်ရဲ့တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားမှုတွေ ပြုခဲ့ပါတယ်။
အိန္ဒိယတပ်ဖွဲ့တွေက ပါကစ္စတန်လေတပ်မှ လေယာဉ်အများအပြားကို ပစ်ချနိုင်ခဲ့တယ်လို့ ပြောခဲ့ကြပါ တယ်။ ဒါပေမယ့် အရေအတွက် ဘယ်လောက်ဆိုတာမပြောခဲ့ပါဘူး။ အိန္ဒိယလေတပ် ရဲနာမည်ကျော် ပြင်သစ်လုပ် ရာဖေးလ် ဂျက်တိုက်လေယာဉ်သုံးစီးပစ်ချခံခဲ့ရတယ်လို့ အိန္ဒိယက ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ပါကစ္စတန်ကတော့ အိန္ဒိယတိုက်လေယာဉ် ငါးစီးကို ပစ်ချခဲ့တယ်လို့ ပြောခဲ့တာပါ။
အိန္ဒိယစစ်ဖက်ကတော့ ဆင်ဒူးစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က အကြမ်းဖက်ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့သာဖြစ်ပြီး ပါကစ္စတန်စစ်တပ်နဲ့ ထိတွေ့ တိုက်ခိုက်မှုတွေဖြစ်ဖို့မဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဒါပေမယ့် လေးရက်တာကာလအတွင်း နှစ်ဖက်စစ်တပ်တွေလည်း ပါဝင်တိုက်ခိုက်လာခဲ့ကြတာပါပဲ။
စစ်ပွဲအပြီးမှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပါကစ္စတန်နိုင်ငံကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အိန္ဒိယ အစိုးရအနေနဲ အကြမ်းဖက်ဝါဒကိုထောက်ခံနေတဲ့အစိုးရနဲ့ အကြမ်းဖက်သမားတွေကို ခွဲခြားရှုမြင်နေမှာ မဟုတ်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။
Ref- The Hindustan Times
