
၁၀. ၅. ၂၀၂၅
Written by Nay Moe
လေးနှစ်တာကာလအတွင်းမှာ ဖယ်ခုံ PDF အဖွဲ့က လက်နက်ကိုင် ၁၆ ဦး အသက်ပျောက်ခဲ့ရပြီး ၁၇ ဦး ခြေပြတ်လက်ပြတ်ဖြစ်ခဲ့တယ်လို့ PDF Pekhon က ပြောပါတယ်။
NUG ရဲ့ MOD လက်အောက်ခံ ဖယ်ခုံ PDF 1002 တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို မေလ ၇ ရက်မှာ ကျင်းပခဲ့အပြီး ဒီအခမ်းအနားဆိုင်ရာထုတ်ပြန်ချက်မှာ သေဆုံးဒဏ်ရာရစာရင်းကို PDF Pekhon က ထုတ်ပြောလာတာဖြစ်ပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ကယားဒေသတွေမှာ လက်နက်ကိုင်တွေဖြစ်တဲ့ KNDF၊ PDF၊ KA တပ်ရင်းတွေကနေ သေသွားတဲ့ PDF ၇၄၀ဦးအထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။




