



၈. ၅. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အဖွဲ့ဝင်များသည် မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရစင်တာနှင့် ကာလုဂါပြည်နယ်၊ Etnomir ယဉ်ကျေးမှုနယ်မြေသို့ ယနေ့ သွားရောက်ခဲ့ကြသည်။
ထိုသို့ သွားရောက်ပြီးနောက် ဆရာတော်၊ သံဃာတော်များအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ တရားတော်များနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ နေ့ဆွမ်း ဆက်ကပ်ခဲ့ကြသည်။
ထို့အတူ နစက အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ Exhinbition of Achievements of National Economy(VDNK)နှင့် Memorial Complex “Victory Park”တို့ကိုလည်း သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
