၈.၅.၂၀၂၅
Written By Thandar
Fg Series Production နဲ့ Hey Play Application တို့က ပူးပေါင်းတင်ဆက်မယ့် အချစ်ဒရာမာ ဇာတ်လမ်းပုံစံ “မေတ္တာလေညင်း သင်းစေသား” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ယနေ့ မေလ ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“အရမ်းချစ်ပြီးတော့ ကိုယ့်ထက်ငယ်တဲ့ ကျော်ထက်ဇော်နဲ့ တွဲပြီး သရုပ်ဆောင်ရမှာပါ။ မမနဲ့ မောင်လေး အချစ်ဒရာမာဇာတ်လမ်းလေးကိုမှ နုနုရွရွလေးချစ်ရမှာပါ။ ခုနောက်ပိုင်း လူငယ်တွေကလည်း တော်လာကြပြီမို့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အများကြီးပြောစရာမရှိဘူး။ ဇာတ်လမ်းလေးက တော်တော်ကောင်းပါတယ်”လို့ အကယ်ဒမီ ချောရတနာက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း မဟူရာ(လွိုင်ကော်)၊ ဇာတ်ညွှန်း ကျော်ကျော်ထွန်းနဲ့ သန္တာဝေတို့က ရေးသားပြီး ဒါရိုက်တာ ကိုကိုဝင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်ဇော်၊ အကယ်ဒမီချောရတနာ၊ ယမုံမြင့်မြတ်၊ ဘုန်းမင်းနေလ၊ စောလပြည့်ဝန်း၊ နေဝန်း၊ မှူးသီဟသူ၊ သင်္ခသူ၊ ထက်ထက်လင်းလက်၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ ဝါဝါအောင်နဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
အပိုင်း ၂၀ ပါဝင်မယ့် “မေတ္တာလေညင်း သင်းစေသား” ဇာတ်လမ်းတွဲကို လာမယ့် ၁၉ ရက်ကနေ စတင်ရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။
#ကျော်ထက်ဇော် #ချောရတနာ #ယမုံမြင့်မြတ် #စော#လပြည့်ဝန်း #KyawHtetZaw #ChawYadanar #YomoneMyintMyat #SawLaPyaeWun #မေတ္တာလေညင်း #ဇာတ်လမ်းတွဲ








