
သက်တံ့
၂၀. ၇. ၂၀၂၆
၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ တတိယလုပွဲလောက်တောင် အနှစ်သာရမရှိဘဲ အာဂျင်တီးနားရဲ့ တစ်သင်းလုံးပိတ်ဆော့မှုနဲ့အတူ ပွဲကစားချိန် မိနစ် ၉၀ ဟာ စိတ်ပျက်စရာကောင်းခဲ့ပါတယ်။
မက်ဆီရှိနေတဲ့ အားသာချက်ကို အကောင်းဆုံးကျော်ဖြတ်ပြပြီး တစ်သင်းလုံးကောင်းတဲ့ စပိန်ဟာ ပါရမီရှင် GOAT ပါလို့ အမည်တပ်ခံရသူကို Respect မပေးဘဲ တစ်ပွဲလုံး ထိန်းပြသွားတာ၊ ဒိုင်က ဘက်လိုက်ချင်တာကို လုပ်ခွင့်မပေးဘဲ ပါးပါးနပ်နပ် သန့်သန့်ရှင်းရှင်းဆော့ကစားပြသွားတာကြောင့် အာဂျင်တီးနားက ချဲလ်ဆီးကစားသမားတောင် ညစ်လို့ ထုတ်ပစ်ရတဲ့အထိ ပွဲကစားချိန်က ရုပ်ပျက်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ GOAT ကြီးမက်ဆီဟာ ကပ္ပတိန်လက်ပတ် ပတ်ပြီး ပျောက်ရှနေခဲ့သလို ဘောလုံးတောင်ထိရဲ့လား မေးရလောက်အောင် အရှက်ကွဲခဲ့ရပြီး မိနစ် ၉၀ အတွင်းမှာ စပိန်က အာဂျင်တီးနားဂိုးပေါက်ကို ၁၇ ကြိမ်ကန်၊ ၁၀ ကြိမ်ဂိုးပေါက်တည့်ချိန်မှာ အာဂျင်တီးနားကတော့ စပိန်ဂိုးသမားကို အနီးကပ် မြင်တောင် မြင်ဖူးပုံမရဘူးလို့ ပြောရလောက်အောင် စပိန်ဂိုးပေါက်ကိုတစ်ကြိမ်တောင် မကန်နိုင်ခဲ့ပါဘူး။ အချိန်ပိုမှာ ဂိုးပေါက်ကန်သွင်းချက် သုံးကြိမ်စီတက်လာပြီး စပိန်က နှစ်ဂိုးသွင်း၊ တစ်ဂိုးအပယ်ခံရပေမဲ့ အာဂျင်တီးနားကတော့ သုံးကြိမ်စလုံး ဂိုးပေါက်မတည့်တဲ့အထိ ရုပ်ပျက်ခဲ့ပါတယ်။
ဒိုင်ကူတီးနားဟာ ပွဲချိန်အတွင်းရှုံးရမှာဖြစ်ပေမဲ့ စပိန်က ဂိုးသွင်းတာကို ပယ်ဖျက်ခံရသလို ပွဲပြီးခါနီးမှာ ချဲလ်ဆီးက အကျင့်တွေပါပြီး လိုက်ညစ်နေတဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ အထုတ်ခံရလို့ ဒိုင်အားကိုးနဲ့ လူချနေတဲ့ အာဂျင်တီးနား ဘယ်သူ့မှ အားကိုးရှာမရတော့ဘဲ အချိန်ပို ၁၀၆ မိနစ်မှာ ဖာရန်တောရက်စ်ရဲ့ သွင်းဂိုးနဲ့ နှစ်နစ်ဆက် ကမ္ဘာ့ဖလားအိပ်မက်ကို လက်လွှတ်ခဲ့ရပါတယ်။

ဒီနေ့ပွဲဟာ ဒိုင်ကူပေမဲ့ အသာမရတဲ့ အာဂျင်တီးနားရဲ့ ခြေစွမ်းအစစ်ကိုပြခဲ့တာဖြစ်သလို၊ မက်ဆီဟာ ကျော်ဖြတ်ရလွယ်တာကို သက်သေပြခဲ့တဲ့အပြင်၊ စပိန်ရဲ့ သွင်းဂိုးနှစ်ဂိုးသာ အညစ်မခံရရင် အချိန်ပိုတောင် မရောက်ဖူးဆိုတာ ကမ္ဘာက မြင်လိုက်ရတာပါ။ ဒါဟာ နည်းပညာခေတ်မှာ ဘယ်လိုပဲ ဒိုင်ကူကူ တစ်ဖက်အသင်းကသာ မှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ဆော့နေရင် ဘယ်လိုမှ ဘက်လိုက်မရတဲ့ ပြယုဂ်ပွဲလည်းဖြစ်ပြီး စပိန်အသင်းဟာ ဒိုင်ကူတီးနားကို ဒိုင်ကူမရအောင် အစွမ်းကုန် ဆုံးမသွားတာပါ။
ပွဲအပြီးမှာတော့ တစ်ပွဲလုံး မမြင်ရသလောက် အာဂျင်တီးနား GOAT ကြီး မက်ဆီ စိတ်ပျက်လက်ပျက် ထိုင်နေတာ မြင်ရသလို သီးသန့်ဖိတ်ထားတဲ့ CR7 ဖန်ကြီး Ishowspeed က ဒိုင်ကူတီးနားဖြစ်နေပါလျက် အာဂျင်တီးနား အရှက်ရဖွယ် ရှုံးခဲ့တဲ့အပေါ် အောင်ပွဲခံနေတာလည်း တွေ့ရပြန်ပါသေးတယ်။
ပိုပြီးရင်နာစရာကောင်းတာက မက်ဆီဟာ ပြင်သစ်ပြိုင်ဘက် အမ်ဘာပေကို ရွှေဖိနပ်ဆုအတွက်ရော သူ့ထက် တစ်ဂိုးအသာနဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးမှတ်တမ်းမှာပါ ဒူးထောက်အရှုံးပေးလိုက်ရပြီး ဘာပေက ဒီကမ္ဘာ့ဖလား သွင်းဂိုး ဆယ်ဂိုး၊ ကမ္ဘာ့ဖလား သုံးကြိမ်မှာ ၂၂ ဂိုးနဲ့ မက်ဆီကို အသာရသွားခဲ့တာပါ။ ဒါဟာ ၂၇ နှစ်သား အမ်ဘာပေရဲ့ မက်ဆီတင်မက ကလိုဆေးကိုပါ ကျော်ဖြတ်သွားခဲ့တာဖြစ်ပြီး အနည်းဆုံး လာမယ့် ကမ္ဘာ့ဖလားနှစ်ကြိမ်လောက် ဂိုးထပ်သွင်းဦးမယ်ဆိုရင် သူဟာ ထာဝရ အနှိုင်းမဲ့စံချိန်ရှင်တောင် ဖြစ်လာနိုင်ပါသေးတယ်။

ဒီနေ့ဗိုလ်လုပွဲမှာ စပိန်ဟာ သူ့ဂိုးပေါက်ကို တစ်ကြိမ်တောင်မကန်နိုင်တဲ့ GOAT မက်ဆီရဲ့ အာဂျင်တီးနားကို သုံးဂိုးသွင်းပါတယ်။ နှစ်ဂိုးအပယ်ခံရပါတယ်။ ဂိုးပေါက်တစ်ကြိမ်တောင် တည့်အောင် မကန်နိုင်လို့ ဒိုင်အားကိုးနဲ့ညစ်တဲ့ အာဂျင်တီးနားကို ဒိုင်ကပဲ မဖြစ်မနေ အဝါကတ်လေးကြိမ်နဲ့ အနီကတ်တစ်ကြိမ်အပြခံရပြီး သူ့ဘက်မှာတစ်ကြိမ်တောင် အပြမခံရအောင် စပိန်က သန့်သန့်ရှင်းရှင်း ကစားပြသွားခဲ့ပါတယ်။ ဒိုင်ဘက်လိုက်မှုကြောင့် အာဂျင်တီးနားတက်လာခဲ့တာမို့ အကြီးကျယ် အခမ်းနားဆုံးအဖြစ် သုံးနိုင်ငံလုပ်တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဟာ နှစ်သင်းပေါင်း ၁၁ ဂိုးသွင်းတဲ့ တတိယနေရာလုပွဲလောက်တောင် ဖျော်ဖြေမှုမပေးနိုင်တာမို့ ဒိုင်ကူတီးနားနဲ့ မက်ဆီဟာ ဒိုင်ကူလို့မရရင် ဘာကောင်မှ မဟုတ်တာ၊ နည်းပညာခေတ်မှာ ဘယ်လိုပဲ ဒိုင်ကူကူ မှန်မှန်ကန်ကန် သန့်သန့်ရှင်းရှင်းဆော့နိုင်ရင် ဒိုင်လည်းကူမရတာကို စပိန်က သက်သေပြသွားနိုင်တာ ဒီ Message တွေနဲ့တင် ဒီနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်က Clean Sheet ၇ ပွဲနဲ့ စံချိန်တင် ထိုက်ထိုက်တန်တန် အနိုင်ရသွားပါတယ် ပြောရင်း….။
