ဓာတ်ပုံ - ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ၊ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်း
၁၄.၇.၂၀၂၆
Written by Linn Eain
ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် အောက်ဆိုက်ကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိမှု ဇူလိုင် ၁၄ ရက်၊ နံနက် ၇ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် အမျိုးသာ နှစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးတွင် ရင်ဘက်အောင့်ဒဏ်ရာနှင့် ကျန်အမျိုးသမီးတစ်ဦးမှာ ညာလက်နှင့် ဒူးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဒဏ်ရာရရှိသူများကို ပရဟိတလူမှုကူညီရေးအသင်းများက မြေပြင်ကုသမှုပြုလုပ်၍ ပူပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ယာဉ်တိမ်းမှောက်မှုဖြစ်စဥ်မှ ဒဏ်ရာအမျိုးသား နှစ်ဦးကို ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့ကလည်းကောင်း၊ ကျန်ဒဏ်ရာရအမျိုးသမီး နှစ်ဦးကို ကိုပူတူးနှင့်ဘော်ဒါများပရဟိတအသင်းမှလည်းကောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ၊ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်း






