၄.၇.၂၀၂၆
Written By Thandar
THE RAY Film Production က Romance Comedy ဇာတ်လမ်းပုံစံ ” ကျွန်မချစ်သူစနေသား “ဇာတ်လမ်းတွဲကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေနားပန်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်မချစ်သူစနေသား ဇာတ်လမ်းတွဲမှာ ကျွန်တော့်က ဂျစ်ကန်ကန်ပုံစံ ကောင်လေးနေရာက ပါဝင်ရမှာပါ။ သူက စနေ့သားလို့ပြောပေမယ့် ကျွန်တော် တကယ်တော့ သောကြာသားပါ။ ကာရိုက်တာ ပီပြင်ဖို့အတွက် ခပ်ထက်ထက်ကာရိုက်တာဖြစ်အောင်လည်း ကြိုးစားပြီး ကိုယ့်ဘာသာလေ့ကျင့်နေပါတယ်။ ကိုယ့်ညီမလေးနေရာ ဆက်ယွန်းတွယ်တာဆိုတော့လေ မောင်နှမတွေ တက်ညီလက်ညီကြိုးစားသွားမှာပါ။ Romance Comedy ပုံစံလေးမို့ ပရိသတ်တွေ ထွက်လာရင်လည်း အားပေးဖို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဗီတာမင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ညမွှေးပန်း၊ D.O.P မင်းမင်း၊ A.D ဝင်းမြင့်ဦး၊ Editor ညိမ်းထိုက်၊ ဒါရိုက်တာ ရာဇဝင်ကိုက လာမယ့် ဇူလိုင် ၁၈ ရက်မှာ စတင်ပြီး ရန်ကုန်မြို့မှာRomance Comedy ဇာတ်လမ်းပုံစံရိုက်ကူးပုံဖော်မယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ဗီတာမင်၊ မင်းအာကာ၊ ထူးအောင်ဝေ၊ ဥဩသံသာ၊ ဆက်ယွန်းတွယ်တာ၊ မှူးသခင်ကို၊ အေးသီတာနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။
#ဗီတာမင် #ဥဩသံသာ #ဆက်ယွန်းတွယ်တာ #မင်းအာကာ #ထူးအောင်ဝေ #VitaMin #OakAweThanthar #HtooAungWai #MinArker #THERAYFilmProduction #RomanceComedy #AlexandreChristie









