နေမိုး
၃၀. ၆. ၂၀၂၆
မုံရွာမှာ PDF ချင်း ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ ပြည်ပပြေးမီဒီယာတွေက ဝန်ခံဖော်ပြလာသလို ဒီပစ်ခတ်မှုဖြစ်စဥ်ကတော့ မုံရွာမှာ ခိုးဆိုးလုနှိုက်၊ မုဒိမ်းကျင့်တရားခံတွေ၊ ရွှေဆိုင်ဓားပြတိုက်မှုတရားခံတွေကို အမြဲတစေဖျောက်ဖျက်နေတဲ့ NUG ဩဇာခံပြီး အာကူး ဦးဆောင်တဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာပလဖ) ကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF (မုံရွာပကဖ) ငါးဖွဲ့ပေါင်းတိုက်ခိုက်လို့ အာကူးအပါအဝင် ခြောက်ဦးသေသွားတယ်လို့ ဆိုပါတယ်။
အာကူးအဖွဲ့ဟာ မုံရွာမှာ ခိုးဆိုးလုနှိုက်၊ မုဒိမ်းကျင့်တရားခံတွေ၊ နဝရတ်ရွှေဆိုင်အပါအဝင် ရွှေဆိုင်ဓားပြတိုက်မှုတရားခံတွေကို ဖမ်းဆီးပြီးရင် ရွှေတွေအပ်တာ၊ ကျူးလွန်သူအရေးယူတာတွေ ဆက်လက်မဖော်ပြတော့ဘဲ လက်စဖျောက်သလို မုံရွာမြို့ပတ်ဝန်းကျင်မှာလည်း ခိုးဆိုးလုနှိုက် ပြန်ပေးဆွဲမှုတွေနဲ့ နာမည်ပျက်နေတဲ့အဖွဲ့ဖြစ်ပေမဲ့ မုံရွာ PDF ငါးဖွဲ့ပေါင်းတိုက်ခိုက်တဲ့အထိ ဘာပြစ်မှုတွေ ထပ်မံကျူးလွန်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

BBC သတင်းဌာနမှာတော့ အာကူးအဖွဲ့ကို ပစ်သတ်တာက မုံရွာခရိုင်တပ်ရင်း ၅ ရင်းဖြစ်တဲ့ တပ်ရင်း ၂၂၊ ၂၃၊ ၂၄၊ ၂၅၊၂၈ တပ်ရင်းတွေ ပေါင်းပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်းနဲ့ တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာမှာ မနေ့ ဇွန်လ ၂၉ ရက်က စီးနင်း ပစ်သတ်တာမှာ အရပ်သား ၂ ဦးနဲ့ ပလဖအဖွဲ့ဝင် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးသွားတယ်လို့ ဖော်ပြပါတယ်။
ပြည်ပပြေးမီဒီယာတစ်ခုဖြစ်တဲ့ MPA ကတော့ အာကူးအပါအဝင် ခြောက်ဦးသေတယ်လို့ဖော်ပြရာမှာ ပလဖက သုံးဦး၊ အချုပ်သားတစ်ဦးသေတဲ့အပြင် အရပ်သားနှစ်ဦးကိုပါ PDF တွေ ပစ်သတ်သွားတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ကလည်း ယင်းမာပင်မှာ ခိုးဆိုးလုနှိုက်၊ သတ်ဖြတ် ပြန်ပေးဆွဲ မုဒိမ်းမှုတွေနဲ့ နာမည်ပျက်နေတဲ့ ယင်းမာပင်ခရိုင်တာဝန်ခံဖြစ်တဲ့ ဓားမဆိုင်းတပ်မတော်တပ်ရင်းမှူး စွမ်းသူမောင်က ယင်းမာပင်ခရိုင် တပ်ရင်း (၆) က တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာကို သတ်ဖြတ်မှုဖြစ်ခဲ့ပါသေးတယ်။ ဒီသတ်ဖြတ်မှုမှာတော့ စွမ်းသူမောင် PA ငဖြိုးက ပုလဲမောင် (ခ) ပီတာကို အစည်းအဝေးလုပ်နေချိန် လူပုံအလယ်မှာ ပစ္စတိုနဲ့ ခေါင်းကိုတည်ပြီး ပစ်သတ်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ စွမ်းသူမောင်နဲ့ ငဖြိုးကို ဖမ်းထားတယ်ဆိုပေမဲ့ မှန် မမှန်တော့ မသိရသေးပါဘူး။
ဒီသတ်ဖြတ်မှုဖြစ်စဥ်အပေါ် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာပလဖ) ကို ဆက်သွယ်မေးမြန်းပေမဲ့ တုံ့ပြန်ဖြေဆိုမှုမရှိသေးသလို ပြည်ပပြေးပြီး ဇိမ်ခံနေတဲ့ NUG အဖွဲ့ကလည်း တစ်စုံတစ်ရာထုတ်ပြန်လာမှု မရှိသေးပါဘူး။

