၆.၅.၂၀၂၅
Written By Thandar
အိန္ဒိယနိုင်ငံ Telangana မှာ ကျင်းပမယ့် ၇၂ ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ဖို့ Miss World Myanmar အလှမယ် ခီဆာခင်ဟာ ဒီနေ့ မေလ ၆ ရက် နံနက်ပိုင်းမှာ Yangon International Airport က စတင်ထွက်ခွာခဲ့ပါတယ်။
“ကျွန်တော့်ဘက်က အများကြီး Supporting တွေပေးပြီးသွားပါပြီ။ အဝတ်အစားပိုင်းတွေရော။ သူ့ရဲ့ Power တွေ၊ Energy တွေ ထုတ်သုံးရတော့မှာပါ။ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပေးထားတယ်။ Miss World က ကျွန်တော်တို့ လိုက်သွားလို့လည်းမရဘူး။ National Director တွေ ဖိုင်နယ်မတိုင်ခင်က အကုန်လုံးကို ပိတ်ထားတယ်။ ဖိုင်နယ်မှာတော့ သွားရောက်အားပေးမှာပါ။ ခီဆာရဲ့ Product အောင်မြင်ရင် ကိုယ့်နိုင်ငံအတွက် အထောက်အကူဖြစ်လာမှာမို့ အများကြီး ကြိုးစားဖို့ ကျွန်တော့်အနေနဲ့ မှာချင်တယ်။ အကောင်းဆုံးရလဒ်တစ်ခု ပိုင်ဆိုင်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ National Director ထူးအံ့လွင်က ပြောပါတယ်။
သူမကတော့ Radiance Event Production စီစဉ်မှုနဲ့ အချိန်နှစ်လအတွင်းမှာ အကောင်းဆုံး ပြင်ဆင်ပြီးတော့ ကရာတေးနဲ့တွဲဖက်ပြီး Talent တစ်ခုအပြင် မြန်မာရိုးရာ သမိုင်းကြောင်းတွေကို ချပြယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ National Director ထူးအံ့လွင်ကတော့ လာမယ့် Miss World 2025 Final ကိုတော့ သွားရောက်အားပေးသွားမယ်လို့ သိရပါတယ်။
“မသဲသဲနဲ့ ဆရာတို့နဲ့ တွေ့ချိန်မှာ ကိုယ့်က ကလေးတစ်ယောက်လို ဖြစ်သွားပြီး ဝမ်းနည်းသွားတယ်။ ပျော်လည်း ပျော်ပါတယ်။ ဒီနှစ် Miss World မှာ ခီဆာက အသက်အငယ်ဆုံးဆိုတော့လေ။ အရမ်းတာဝန်ကြီးပေမယ့် မြန်မာနိုင်ငံအတွက် အကောင်းဆုံး ကြိုးစားသွားပါ့မယ်။ မြန်မာရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု အားလုံးကို ခီဆာနဲ့အတူ ချပြသွားမှာပါ”လို့ Miss World Myanmar 2025 အလှမယ် ခီဆာခင်ကပြောပါတယ်။
ခီဆာခင်ကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ Miss Tourism International 2023 ပြိုင်ပွဲကြီးမှာလည်း နိုင်ငံပေါင်း ၅၀ ကျော်က အလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြုကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သလို ၂၀၂၃ ခုနှစ်က ကျင်းပခဲ့တဲ့ Miss Earth Myanmar 2023 ပြိုင်ပွဲကြီးမှာ Miss Earth Land Myanmar 2023 Winner နဲ့ The Best of Speak out award ဆုကို ရရှိထားသူလည်းဖြစ်ပါတယ်။
#ခီဆာခင် #MissWorldMyanmar2025
#KhisaKhin #NationalDirector #HtooAntLwin #ThaeSuNyein #The72ndMISSWORLD




