၆.၅.၂၀၂၅
Written By Thandar
ဒါရိုက်တာ စင်ရော်မောင်မောင် ကားမတော်တဆဖြစ်ပြီး ပေါင်လယ်ရိုးကျိုးသွားတဲ့အတွက် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံတင်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
“ကျွန်တော့်အဖေ ကျန်းမာရေးအခြေအနေက ဒီနေ့ နေပြည်တော်သို ရောက်ရှိပြီး ကုတင်ပေါ်မှာ လဲနေတဲ့ အဖေကိုမြင်တွေ့ရပြီး အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် အဖေ ဒဏ်ရာကြီးကြီးမားမား ဖြစ်မသွားတဲ့အတွက် စိတ်သက်သာရာ ရပါတယ်။ အဖေ့ကို CT Scan စစ်ပြီးအချိန်မှာ အသက်အန္တရာယ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေ စိုးရိမ်စရာမရှိဘဲ ဘယ်ဘက်ပေါင်လယ်ရိုးကျိုးသွားတဲ့အတွက် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှာ Operation ပြုလုပ်ပြီးတော့ ဆက်လက်ကုသဖို့စီစဉ်နေလျှက်ရှိပါတယ်”လို့ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့သားဖြစ်သူ မင်းသန့်မောင်မောင်က ပြောပါတယ်။
စင်ရော်မောင်မောင်နဲ့ ယာဉ်မောင်းသူ၊ တစ်ဖက်က တိုက်တဲ့ ယာဉ်မောင်းသူ အားလုံး အသက်အန္တရာယ်ကင်းတဲ့အတွက် အလွန်ကံကောင်းတယ်လို့လည်း သူက ဆိုပါတယ်။ ယာဥ်တိုက်မှုက မေလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်က နေပြည်တော်မှာ ဘယ်ဘက်ယာဉ်ကြောက မောင်းနှင်လာတဲ့ ယဉ်ဟာ အရှေ့ကားကိုကျော်ရင်းက ညာဘက်မှာ မောင်းနှင်လာတဲ့ ဇင်ယော်မောင်မောင် စီးနင်းလာတဲ့ ယာဉ်ကို ပြင်းထန်စွာဝင်ရောက် တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
#စင်ရော်မောင်မောင် #မင်းသန့်မောင်မောင်




