
၅.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ သမ္မတအဖြစ် ဒုတိယသက်တမ်းကို တာဝန်ယူဆောင်ရွက်နေတဲ့ ဒေါ်နယ်ထရန့်က သူ့အနေနဲ့ လက်ရှိသမ္မတသက်တမ်းပြီးဆုံးရင်တာဝန်မှ အနားယူမှာဖြစ်ပြီး တတိယသမ္မတ သက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ မေလ ၃ ရက်က တွေ့ဆုံမေးမြန်းမှု တစ်ခုမှာ ပြောခဲ့တယ်လို့ သိရပါတယ်။
ထရန့်အနေနဲ့ တတိယသမ္မတသက်တမ်းလေးနှစ် ဆက်လက်တာဝန်ထမ်းဆောင်မယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြတာတောင် အရင်တုံးကတော့ ထရန့်က တတိယသမ္မတသက်တမ်း ထမ်းဆောင်နိုင်ဖို့ မပြောင်းလဲဘဲရပ်တည်ခဲ့တာပါ။
ထရန့်က “ကျွန်တော် သမ္မတရာထူးကို ရှစ်နှစ်ပဲ ထမ်းဆောင်မှာပါ။ သမ္မတသက်တမ်းနှစ်ခုပေါ့။ ဒါက အလွန်အရေးကြီးတယ်လို့ ကျွန်တော် အမြဲတမ်းယူဆပါတယ်။ ဒီတော့ ဒီလေးနှစ် သမ္မတတာဝန်ထမ်းဆောင် ပြီးရင် ကျွန်တော် သမ္မတရာထူးကို နောက်တစ်ယောက်ကို လွှဲပြောင်းပေးမှာပါ။ အကောင်းဆုံးဖြစ်ဖို့ကတော့ ရီပတ်ဘလီကန် သမ္မတတစ်ဦးကို လွှဲပြောင်းပေးနိုင်ဖို့ပေါ့” လို့ ပြောခဲ့ပါတယ်။
ထရန့်က သူ့ကို လူတချို့က သမ္မတတာဝန် တတိယသက်တမ်းအတွက် ကြိုးစားကြစေချင်ပေမယ့် အမေရိကန်နိုင်ငံရဲ့ ၁၉၄၇ ခုနှစ်က ပြင်ဆင်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်က သူ့ကို တတိယသက်တမ်း ထမ်းဆောင်မှုကိုတားမြစ်ထားတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒါပေမယ့် ထရန့်ကို ထောက်ခံ့သူတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မှာ မပြတ်မသား အဓိပ္ပာယ်နှစ်ခွထွက်တဲ့ ဂယ်ပေါက်မျိုးတွေရှိတယ်လို့ပြောကြတာပါ။ “ထရန့် ၂၀၂၈ ခုနစ်” စာတမ်းပါ ဦးထုပ်တွေကိုတောင် ဆက်ရောင်းနေခဲ့ကြတာပါ။ ဒါပေမယ့် ထရန့် ကတော့ ဒီလို ဂယ်ပေါက်တွေကို သူ့အနေနဲ့ အသုံးမချလိုဘူးလို့ ပြောခဲ့ပါတယ်။
Ref -The Guardian
