၃၀.၄.၂၀၂၅
Written By Thandar
ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက အချစ်ဟာသဇာတ်လမ်းပုံစံ “ရူးခါတဲ့ဖူးစာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဧပြီလ ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကိုနိုင်@ကျော်ရဲအောင်နဲ့ မကြီးစိုးတို့က ဘာမှကို ပြောစရာမလိုပါဘူး။ ဒီဇာတ်ကားမှာ ဟာသဉာဏ်ရှိပြီးသားမို့ တွဲဖက်ညီတဲ့သူတွေပါ။ အတွဲ မမြင်ရတာကြာပြီလေ။ ဒါကြောင့်မို့ ထူးထူးခြားခြားလေး တွဲပေးထားတယ်။ ကျော်ရဲအောင်နဲ့ ရွှေထူးက ဒီကားမှာက သားအဖ၊ စိုးမြတ်သူဇာနဲ့ ခြူးလေးက ညီအစ်မပေါ့။ ရွှေထူးကလည်း ရှက်တတ်တယ်၊ မကြီးစိုးကတော့ သေချာလေးဇာတ်ကို အချစ်ဟာသပုံနဲ့ဖန်တီးထားကြပါတယ် “လို့ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်က ပြောပါတယ်။
အဆိုပါအခမ်းအနားကို ဇာတ်ကားထဲပါဝင်သူ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခြူးလေးတို့အပြင် ဖိတ်ကြားထားသူ အနုပညာအသိုင်းအဝိုင်းက တက်ရောက်ခဲ့ကြပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း)၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခြူးလေး၊ ငှက်ပျော်ကြော်၊ နေလင်း၊ ပီယ၊ မင်းလူနက်၊ အောင်သီဟ၊ ဒေါ်နွဲ့နွဲ့စန်း၊ စင်သီယာ၊ အယ်လီနာနဲ့ တခြားအနုပညာရှင်များစွာက တင်ဆက်ကြမှာပါ။
“ရူးခါတဲ့ဖူးစာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ ၂ရက်နေ့မှာ မြန်မာပြည်အတွင်းရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
#ကျော်ရဲအောင် #စိုးမြတ်သူဇာ #ကိုဇော်အရုဏ်ဦး #ခြူးလေး #KyawYeAung #ChueLay #SoeMyatThuZar #KoZaw
ရူးခါတဲ့ဖူးစာရုပ်ရှင်ဇာတ်ကားကြီး





