




၁၄. ၄. ၂၀၂၅
Photo Tha Doe
ထိုင်းနိုင်ငံဟာ ဆုန်ခရန်သင်္ကြန်ကို ကမ္ဘာသိအကြီးအကျယ် ကျင်းပနေချိန်မှာ မြန်မာတို့ရဲ့ ပထမဆုံး UNESCO အသိအမှတ်ပြု အတာသင်္ကြန်ကတော့ မန္တလေးငလျင်ကြီးကြောင့် မျက်နှာငယ်စွာနဲ့ တိုးတိုးတိတ်တိတ် ကျင်းပနေရပါတယ်။





ငလျင်ကြောင့် လူထောင်ချီသေပြီး အဆောက်အအုံသောင်းနဲ့ချီ ပျက်စီးဆုံးရှုံးရလို့ တစ်ခါရှုံး၊ အတာသင်္ကြန်ကို အကြီးအကျယ်ကျင်းပရမယ့်အချိန်မှာ မကျင်းပနိုင်လို့တစ်ခါရှုံးနဲ့ ကြိမ်မီးအုံးနေရပေမဲ့ ဒီလို ပူလောင်သောကတွေထဲမှာ လက်မမြှောက်ချင်တဲ့ လူငယ်တွေကတော့ ပြည်သူ့ရင်ပြင် စတုဒိသာပွဲမှာ ပျော်ရွှင်စွာပဲ အတာသင်္ကြန်ပွဲကို ရသလို ဆင်နွှဲနေကြပါတယ်။
