




MT News
၁၄.၃. ၂၀၂၅
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန် ပြင်းထန်သည့် မန္တလေးငလျင်ကြီး၏ ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုတွင် ဧပြီ ၁၃ ရက်အထိ သေဆုံးသူ ၃၆၅၂ ဦး၊ ထိခိုက် ဒဏ်ရာရရှိသူ ၄၈၂၄ ဦးနှင့် ပျောက်ဆုံးသူ ၁၃၀ ရှိလာခဲ့သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေ ကယ်ဆယ်ခဲ့ကာ ဧပြီ ၁၃ ရက်နေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ် ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၄၃ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူ ပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၁၃ ရက်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် IFRC နှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်း စသည့် နိုင်ငံတကာအဖွဲ့အစည်းတို့မှ လေယာဉ် ၉ စင်းတို့ဖြင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၁၄၅ ဒသမ ၃၆၇ တန် ဆိုက်ရောက်ခဲ့သည်။
ပြည်တွင်းပြည်ပအလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကို လည်း ဘေးသင့်ပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးခွဲဝေ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
