MT News

Written by Tha Doe

COVID-19 ရောဂါဖြင့် နှစ်ဦးထပ်မံသေဆုံး၍ စုစုပေါင်းသေဆုံးသူ ၁၉၄၆၃ ဦး ဖြစ်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး ၃-၁၀-၂၀၂၂ ရက် ည ၈ နာရီမှ ၄-၁၀-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၁၉၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၃၉၀ ဦး တွေ့ရှိသောကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ၃.၂၀ ရာခိုင်နှုန်း ရှိခဲ့သည်။ သို့ဖြစ်၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉,၁၁၆,၉၈၉ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၂၄,၆၈၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၇၃ ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၈,၉၉၄ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၂ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉,၄၆၃ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *