




၇.၃.၂၀၂၅
Written By Thandar
bebee TV မှာ ပြသနေတဲ့ Venus’ Luck နတ်သမီးနက္ခတ် စီးရီးက မင်းသား၊ မင်းသမီးတွေနဲ့ အပြင်မှာ ဆုံစည်းနိုင်တဲ့ Fan Meeting ပွဲကို မတ်လ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ ကျင်းပခဲ့ပ့တယ်။
“ကစ်တို့ ဒီနေ့ပွဲကတော့ နတ်သမီးနက္ခတ်ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ မိတ်ဆက်တဲ့ပွဲနဲ့ Fan Meeting ပွဲလေးပါ။ ကစ်ကတော့ ဒီဇာတ်ကားမှာ ချစ်ချစ်ထူးဈာန်ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ ကစ်က Leo ရာသီခွင်ဖွားလေးပေါ့နော်။ ဘယ်သူနဲ့ ဖူးစာဆုံမလဲဆိုတာ ကြည့်ရှု့ခံစားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ပရိသတ်တွေ အများကြီးလာပြီး အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်”လို့ အကယ်ဒမီ ဝတ်မှုံရွှေရည်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားမှာ ဇာတ်လမ်း မိုးနီလွင်၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်တို့က သရုပ်ဆောင်တွေဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ တိုင်ရွန်၊ အကယ်ဒမီ အေးချမ်းမောင်၊ အောင်ရဲထိုက်၊ ဟင်နရီစံ၊ ဟိန်းသစ်စ၊ ကီရာတို့အပြင် နေဆန်း၊ ဘုန်းလျှံ ၊ နွဲ့နွဲ့စန်း ၊ စိုးမိုးကြည်၊ ယွန်းရွှေရည်၊ ဟန်လေး၊ မီကိုခန့်၊ ခရစ္စတို့နဲ့ ရိုက်ကူးပုံဖော်ထားတာပါ။
ဒါ့အပြင် Fan Meeting မှာ လာရောက်တဲ့ ပရိသတ်တွေအတွက်လည်း bebee TV ကနေ ကံထူးသူ ၅ ယောက်ကို ဆုလက်ဆောင်ပေးအပ်ခဲ့ပြီ အမှတ်တရလက်မှတ်ရေးထိုး လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။
