
၂.၃.၂၀၂၅
Written by MMAK
◾နယူးကာဆယ် Vs ဘရိုက်တန်
ဘရိုက်တန်အသင်းက နောက်ဆုံးလေးပွဲဆက် နိုင်ပွဲရထားသလို အသင်းရဲ့ ခြေစွမ်းကလည်း အကောင်းဆုံးအနေအထားမှာ ရှိပါတယ်။ ကရာဘောင်းဖလားမှာ ဖိုင်နယ်တက်ထားတဲ့ နယူးကာဆယ်အသင်းအနေနဲ့ FA ဖလားကိုပါ အာရုံစိုက် ကစားလာနိုင်ပါသေးတယ်။ နယူးကာဆယ်အသင်းရဲ့ လက်ရှိခြေစွမ်းကတော့ အကောင်းကြီးမဟုတ်သလို နိုင်လိုက်ရှုံးလိုက်နဲ့ မတည်ငြိမ်တဲ့ ရလဒ်တွေ မြင်တွေ့ထားရပါတယ်။ အခုပွဲစဥ်မှာ အိမ်ရှင်နယူးကာဆယ်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်သာပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက အဝေးကွင်းညံ့ပေမဲ့ အိမ်ကွင်းပွဲမှာတော့ ဂိုးသွင်းအားကောင်းတဲ့ အသင်းမျိုးဖြစ်တာကြောင့် လေးပွဲဆက်အနိုင်ရထားပြီး ကြေးတွေဆက်တိုက်အောင်နေတဲ့ ဘရိုက်တန်အသင်းကို မကြိုက်ပါဘူး။ ဒီပွဲမှာ ဘရိုက်တန်အသင်း ရှုံးရင်ရှုံး မရှုံးရင် သရေလောက်ဘဲ ရနိုင်ပြီး အဝေးကွင်းကနေ ထပ်နိုင်သွားမယ်လို့ မထင်ပါဘူး။ ပေါက်ကြေးကပျော့နေပေမဲ့ နှစ်သင်းလုံး လူစုံထုတ်ကစားလာနိုင်တဲ့ အခြေအနေမှာ အိမ်ရှင်နယူးကာဆယ်ကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ မန်ယူ Vs ဖူဟမ်
ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ ကိုရောက်ရှိနေတဲ့ မန်ယူအသင်းအတွက် ဥရောပဝင်ခွင့်တစ်နေရာရဖို့ နောက်ဆုံးသော မျှော်လင့်ချက်ဖြစ်သလို FA ဖလား လက်ရှိချန်ပီယံဖြစ်တာကြောင့် အခုရာသီမှာ ဘယ်အဆင့်ထိ တက်လှမ်းပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့ ခြေစွမ်းက စုတ်ပြတ်နေတာကြောင့် ဖူဟမ်အသင်းရဲ့ခြေစွမ်းက အနည်းငယ်ပိုသာတယ်လို့တောင် ပြောလို့ရပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်မန်ယူအသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်သာပေးထားနိုင်သလို ဂိုးပေါင်းကြေးက သုံးလုံးရှစ်ဆယ်စား ပေါက်နေပါတယ်။ အပေါ်မှာပြောခဲ့သလို မန်ယူအသင်းရဲ့ နောက်ဆုံးမျှောင့်လင့်ချက်ဖြစ်သလို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အားကုန်ရုန်းကစားလာနိုင်ပါတယ်။ ပေါက်ကြေးကိုထည့်တွက်မယ်ဆိုရင်တော့ ပျော့နေတယ်လို့ ပြောရမှာဖြစ်ပြီး တကယ်လို့ ကြေးပြင်းပြင်းပေးလိုက်ရင်လည်း မန်ယူဘော်ဒီကို ထိုးသားတွေ တခြမ်းစောင်းလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဖူဟမ်အသင်းနဲ့ ကစားခဲ့တဲ့ နှစ်ကျော့လုံးကို ကြေးပါးပါးလေးတွေသာ ပေးထားခဲ့ပေမဲ့ မန်ယူအသင်းက နိုင်ပွဲရထားပါတယ်။ ဒီတစ်ကြိမ်မှာလည်း အားထည့်ကစားလာမဲ့ မန်ယူအသင်း နိုင်ပွဲရသွားမယ်လို့ ယုံကြည်ပါတယ်။
◾ဘာစီလိုနာ Vs ဆိုစီဒက်
စနေညမှာ ရီးရဲအသင်းရှုံးပွဲတွေ့ထားခဲ့တာကြောင့် ဘာစီလိုနာအသင်း နိုင်ပွဲရခဲ့ရင် ဇယားထိပ်ဆုံးကို ဦးဆောင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဆိုစီဒက်အသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို ပထမအကျော့ ဆိုစီဒက်ကွင်းမှာ ဘာစီလိုနာအသင်း အရှုံးပေးခဲ့ရပါတယ်။ လက်ရှိအချိန်မှာလည်း ဆိုစီဒက်အသင်းရဲ့ ခြေစွမ်းက အကောင်းဘက်မှာ ရှိနေတာကို တွေ့ရပေမဲ့ ဘာစီလိုနာအသင်းပေးထားတဲ့ ဘော်ဒီကြေး နှစ်လုံးငါးဆယ်စားဆိုတဲ့ပေါက်ကြေးက လိုအပ်တာထက် ပိုပြင်းနေပြီး ဂိုးပေါင်းကြေးသုံးလုံးသရေဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းအနေနဲ့ တစ်လုံးအရှုံးလောက်သာ ပေးသင့်တာဖြစ်ပေမဲ့ နှစ်လုံးငါးဆယ်စားအထိ ပေးထာတာကြောင့် ဘာစီလိုနာအသင်း အားထည့်ကစားပြီး နှစ်ဂိုးပြတ်အနိုင်ရနိုင်တဲ့ ပေါက်ကြေးမျိုးဖြစ်ပါတယ်။ ဘာစီလိုနာဘော်ဒီကို ရွေးရမယ်ဆိုရင် ဂိုးပေါင်းအပေါ်ကိုပါ ရွေးချယ်ရမဲ့ အနေအထားဖြစ်ပြီး စုံပေါ်အောင်ဖို့ဆိုတာတော့ အနည်းငယ်ခက်မယ်ထင်ပါတယ်။ သို့ပေမဲ့ ဆိုစီဒက်လိုအသင်းကို ဒီကြေးပေးထားတဲ့ ဘာစီလိုနာအသင်းကို ရွေးချယ်ရမှာဖြစ်ပြီး ဂိုးပေါင်းအပေါ်ကို အနည်းငယ် ကာကစားသင့်ပါတယ်။
◾ အေစီမီလန် Vs လာဇီယို
အေစီမီလန်အသင်း နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားတာကြောင့် အခုအိမ်ကွင်းပွဲမှာ နိုင်ပွဲရဖို့ ရုန်းကန်လာနိုင်ပါတယ်။ လာဇီယိုအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်သလို တိုက်စစ်ကောင်းတဲ့အသင်းမျိုးဖြစ်တာကြောင့် အေစီမီလန်အသင်းကို ဒုက္ခကောင်းကောင်းပေးလာနိုင်ပါတယ်။ အခုပွဲစဥ်မှာ အေစီမီလန်အသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေးတဲ့အသင်းတွေဖြစ်သလို နိုင်ပွဲရဖို့ ဦးတည်ကစားလာမဲ့ အေစီမီလန်အသင်းကြောင့် သွင်းဂိုးတွေ မြင်ရဖို့ရှိပါတယ်။ အေစီမီလန်ဘော်ဒီနဲ့ ဂိုးပေါ်တစ်ခုခုအနိုင်ရသွားနိုင်သလို စုံပေါ်အောင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အေစီမီလန်အသင်းက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် တိုက်စစ်က ဂိုးသွင်းနိုင်သလို ခံစစ်ကလည်း ဂိုးတွေပြန်ပေးနေရတာ တွေ့ရပါတယ်။ ဒီပွဲမှာ အဆင့်ငါးက လာဇီယိုအသင်းကို ပြားခုနစ်ဆယ်အရှုံးပေးထားတဲ့အေစီမီလန်အသင်း ဂိုးရနိုင်သလို လာဇီယိုအသင်းလည်း ဂိုးရနိုင်တယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါင်းအပေါ်ရွေးချယ်မှုကသာ အကောင်းဆုံးဖြစ်ပါတယ်။




◾ ဂျီနိုအာ Vs အမ်ပိုလီ
အမ်ပိုလီအသင်းက နောက်ဆုံးဆယ့်တစ်ပွဲမှာ နိုင်ပွဲလုံးဝမရထားဘဲ နှစ်ပွဲသရေကျကာ ကိုးပွဲအထိရှုံးထားပါတယ်။ အမ်ပိုလီအသင်းရဲ့ ခံစစ်ပိုင်းက အရမ်းကိုညံံ့နေပြီး ပွဲတိုင်းဂိုးပေးနေရတာကြောင့် ဒီပွဲမှာလည်း သွင်းဂိုးတွေ ထပ်ပေးရဦးမှာပါ။ ဂျီနိုအာအသင်းရဲ့ ကစားပုံက အမ်ပိုလီအသင်းထက်ပိုကောင်းသလို အိမ်ကွင်းဖြစ်တာကြောင့် အမ်ပိုလီအသင်းအနေနဲ့ ယှဥ်ကစားနိုင်ဖို့ခက်ပါတယ်။ ဒီပွဲမှာ ဂျီနိုအာအသင်းက ဘော်ဒီကြေး ပြားရှစ်ဆယ်အရှုံးထိပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံးဖြစ်ပါတယ်။ ဘော်ဒီကြေးပြားရှစ်ဆယ်ဆိုတာ သရေအရှုံးပေးထားတယ်လို့တောင် ပြောရမှာ ဖြစ်ပြီး ဂျီနိုအာအသင်းအနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ အိမ်ကွင်းမှာကစားရတဲ့ နောက်ဆုံးသုံးပွဲလုံးကို အနိုင်ရထားတဲ့ဘဂျီနိုအာအသင်းက အိမ်ကွင်းပိုကောင်းတယ်ဆိုတာ သိသာပါတယ်။ ဒီပွဲမှာလည်း ခြေစွမ်းအကျဘက်ကိုရောက်နေတဲ့ အမ်ပိုလီအသင်းကို အနိုင်ရအောင်ကစားနိုင်တဲ့ ဂျီနိုအာအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
