
၂၇. ၂. ၂၀၂၅
Written by Nay Moe
လေးကောင်ဂျင်လောင်းကစားပြုလုပ်သူ အမျိုးသားနှင့် အမျိုးသမီး ၄၈ ဦးအား ကျပ် ၁၅၉ သိန်းကျော်၊ ဆိုင်ကယ် ၃၈ စီးနှင့်အတူ ဖမ်းဆီးအရေးယူထားရမှု မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၉ လမ်းနှင့် ၈၉(A)လမ်းကြားရှိ မြစိမ်းရောင်ခန်းမအတွင်း လေးကောင်ဂျင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ရာ လေးကောင်ဂျင်လောင်းကစား ပြုလုပ်နေသော အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်နေ သက်လင်းထွန်း(၄၇)နှစ်ပါ အမျိုးသား ၃၃ ဦး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်နေ သန္တာဦး(၄၃)နှစ်ပါ အမျိုးသမီး ၁၅ ဦးတို့အား ဂျင်ဝိုင်းလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဂျင်သီးနှင့်ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေ ၁၅,၉၃၀,၈၀၀ ကျပ်၊ ဆိုင်ကယ် ၃၇ စီး၊ စက်ဘီး ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် သက်လင်းထွန်းပါ ၄၈ ဦးနှင့် အဆိုပါခန်းမအား လောင်းကစားပြုလုပ်ရန် ငှားရမ်းခဲ့သူ ကိုကိုလေး(ခ)ဖိုးလပြည့်(စိစစ်ဆဲ)တို့အား မဟာအောင်မြေမြို့နယ်၊ အမှတ်-၇ နယ်မြေ ရဲစခန်းက (ပ)၂၁/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် လွတ်မြောက်နေသော ခမ်းမငှားရမ်းသူ ကိုကိုလေး(ခ)ဖိုးလပြည့်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
