၂၆.၂. ၂၀၂၅
Translated by Thettant
ဆူဒန်စစ်တပ်လေယာဉ်တစ်စင်းဟာ မြို့တော်ခါတွမ်အနီး အွမ်ဒါမန်မြို့မြောက်ပိုင်းက ဝါဒီဆဲ့ဒ်နာတပ်မတော်လေဆိပ်အနားမှာရှိတဲ့ လူနေရပ်ကွက်တစ်ခုပေါ် အင်္ဂါနေ့ညနေက လေယာဥ်ပျံတက်စဥ် ပျက်ကျခဲ့ရာမှာ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အရပ်သားတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒီ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပြောကြားလာပါတယ်။
စစ်ဘက်သတင်းရင်းမြစ်တွေက Sudan Tribune ကို ပြောရာမှာ ပျက်ကျလေယာဉ်ဟာ ဆူဒန်ဆိပ်ကမ်းကို ပြေးဆွဲနေတဲ့လေယာဥ်ဖြစ်ပြီး အဆင့်မြင့်အရာရှိတွေ အပါအဝင် အရာရှိအများအပြားကို တင်ဆောင်လာသလို လေယာဥ်ဟာ အယ်လ်သဝါရ် အိမ်ရာဧရိယာရဲ့ Block 75 မှာ ပျက်ကျခဲ့ပြီး အားပြင်းတဲ့ ပေါက်ကွဲသံတွေနဲ့ ထူထပ်နဲ့ ဖုန်မှုန့်တွေ၊ မီးခိုးတွေဟာ ပတ်ဝန်းကျင်မှာ လွင့်ပျံ့ခဲ့ပေမဲ့ မီးလောင်မှုမကြီးမားအောင် မီးသတ်သမားတွေက ထိန်းနိုင်ခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုဟာ နည်းပညာဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဖြစ်နိုင်ခြေများတယ်လို့ ဆူဒန်စစ်တပ်သတင်းရင်းမြစ်တွေကပြောပြီး သေဆုံးသူတွေထဲမှာ ဗာရီစစ်တပ်နယ်မြေက အကြီးတန်းတပ်မှူး ဗိုလ်ချုပ်ဗားအာမဒ်လည်း ပါဝင်သွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဆူဒန်စစ်တပ်ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ရပ်မှာ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အရပ်သားအများအပြားဟာ လေယာဥ်ပျက်ကျမှုမှာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပေမဲ့လည်း အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။
လေယာဥ်ပျက်ကျမှုကြောင့် အရပ်သားအနည်းဆုံး ၅ ဦး သေဆုံးခဲ့ရသလို ရုပ်အလောင်းတွေကို Omdurman ရှိ အယ်နောလ်ဆေးရုံကို လွှဲပြောင်းပေးခဲ့သလို မွေးချင်းနှစ်ယောက် အပါအဝင် ဒဏ်ရာရ အရပ်သားငါးဦးကိုလည်း ဆေးရုံက လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
Ref, Reuters & Sudan Tribune
