၂၅.၂.၂၀၂၅
Translated by Htwe Ko Tun
တရုတ်တိုင်ဝမ်က တိုင်ဝမ်ကျွန်းရဲ့ ရေအောက်ကေဘယ်လ်ကြိုးတစ်ခု ပြတ်တောက်သွားခဲ့အပြီးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက သင်္ဘောသားတွေလိုက်ပါလာတဲ့ တရုတ်သင်္ဘောတစ်စင်းကို ဖေဖော်ဝါရီလ ၂၅ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ တရုတ်တိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ကပြောခဲ့ပါတယ်။
တိုဂိုနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Hongtai အမည်ရှိတဲ့သင်္ဘောကို ထိန်းသိမ်းမှုပြုပြီးတဲ့နောက် တရုတ်တိုင်ဝမ်သို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အမှုကိုလည်း အမျိုးသားလုံခြုံရေးအဆင့် စည်းမျဉ်းသတ်မှတ်ချက်တွေအရ ဆောင်ရွက်သွားမယ်လို့ တရုတ်တိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
တရုတ်တိုင်ဝမ်ရဲ့ Chunghwa တယ်လီကွန်းကုမ္ပဏီက တိုင်ဝမ်ရေလက်ကြားရှိ မဟာဗျူဟာကျတဲ့ Penghu ကျွန်းစုနဲ့ တိုင်ဝမ်ကျွန်းကြားမှာ ကေဘယ်လ်ကြိုးက ဖေဖော်ဝါရီလ ၂၅ ရက် အစောပိုင်းမှာ ပြတ်တောက်သွားခဲ့တယ်လို့ သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။
တရုတ်တိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က ရေအောက်ကေဘယ်လ်ကြိုးပြတ်တောက်သွားရမှုက တမင်သက်သက်လုပ်တာဖြစ်ဖြစ်၊ မတော်တဆဘဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်ပြီး ရှင်းလင်းရမယ်လို့ ပြောခဲ့ပါတယ်။
Hongtai သင်္ဘောက သင်္ဘောပိုင်ရှင်ရဲ့ နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောအမျိုးအစားဖြစ်ပြီး တရုတ်သင်္ဘောသားရှစ်ဦးလိုက်ပါလာကာ တရုတ်နိုင်ငံရဲ့ငွေကြေးထောက်ပံ့မှုရှိတယ်လို့ သိရပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့က “ဒီဖြစ်ရပ်က နှစ်ဖက်ပြတ်ပြတ်သားသားမရှိ အငြင်းပွားနေကြတဲ့ဇုန်အတွင်း တရုတ်ပြည်မကြီးက ကျူးကျော်ဝင်ရောက်တာလို့တော့ မဆုံးဖြတ်နိုင်သေးဘူး။ ဖြစ်ရပ်က စစ်ပွဲတစ်ခုရဲ့ လက္ခဏာပုံစံတော့ မဟုတ်ပါဘူး။ ကမ်းခြေစောင့်တပ်ဖွဲ့ အနေနဲ့ စုံစမ်းစစ်ဆေးမှုပြုသွားရင် ရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အမှန်တရားထွက်ပေါ်လာဖို့ ကြိုးပမ်းသွားမယ်” လို့ ပြောခဲ့ပါတယ်။
Ref- CNA
