၂၀. ၂. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ San Kamphaeng ခရိုင်က ကာရာအိုကေတစ်ခုမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ခြောက်ဦးနဲ့ ထိုင်းနိုင်ငံသား အလုပ်ရှင်နှစ်ဦးကို ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဗျူရို ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။


ထိုင်းအမျိုးသားရဲချုပ် Kittirat Phanphet ရဲ့ မူဝါဒနဲ့ အညီ ထိုင်းနိုင်ငံမှာ နေထိုင်ချိန် မလျော်ကန်တဲ့အပြုအမူ ကျူးလွန်နေတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးဖို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ညွှန်ကြားမှုအရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဗျူရိုက ဒုရဲမှူးကြီး Sutheerthep Phonnumit က စစ်ဆေးရေးမှူးအဖြစ် ဦးဆောင်ကာ ခရိုင်ရဲတပ်ဖွဲ့နဲ့ ခရီးသွားရဲတပ်ဖွဲ့တို့ပါ ပူးပေါင်းပြီး San Kamphaeng ခရိုင်အတွင်းက ကာရာအိုကေဆိုင်တွေကို စစ်ဆေးခဲ့ကြတာပါ။
ဒီလိုစစ်ဆေးချိန် ကာရာအိုကေတစ်ခုမှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး ခြောက်ဦးနဲ့ ထိုင်းအလုပ်ရှင်နှစ်ဦးကို ဖမ်းမိခဲ့ပြီး လက်ရှိမှာတော့ ထိုင်းအလုပ်ရှင်နှစ်ဦးကို “နိုင်ငံခြားသားတွေကို ခွင့်ပြုချက်ထက် ကျော်လွန်တဲ့ အလုပ်လုပ်ဖို့ အလုပ်ခန့်ထားမှု” နဲ့ ဖမ်းဆီးထားတဲ့အပြင် ဖမ်းမိမြန်မာအမျိုးသမီး ခြောက်ဦးထဲက ငါးဦးကို “အလုပ်လုပ်ကိုင်ခွင့် Work Permit မရှိဘဲ လုပ်ကိုင်မှု” တစ်ဦးကို “နိုင်ငံတွင်း တရားမ၀င် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့တာပါ။ မြန်မာအမျိုးသမီး ခြောက်ဦးဟာ အလုပ်လုပ်ကိုင်ဖို့လိုအပ်တဲ့ Work Permit မရှိဘဲ တစ်ရက်ကို ဘတ် ၂၀၀ နဲ့ ၃၀၀ ကြား အခကြေးငွေနဲ့လုပ်ကိုင်နေတာလို့ သိရပြီး လက်ရှိမှာတော့ ဖမ်းမိသူ ရှစ်ဦးစလုံးကို San Kamphaeng ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
