
MT News
၁၉. ၂. ၂၀၂၅
ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် ရှင်ပြုအလှူတော်မင်္ဂလာကျင်းပနေချိန်၌ PDF များက Drop Bomb များဖြင့် ရက်စက်ယုတ်မာစွာ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်ရပ် ယနေ့ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရှင်ပြုအလှူတော်မင်္ဂလာကျင်းပနေချိန်၌ PDF များက ကျေးရွာ၏ အရှေ့မြောက်ဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှာက်မှုလုပ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး ထိုသို့အသက်ငယ်ရွယ်သော ကလေးသူငယ်များပါမချန် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာသောလုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချလျှက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။