
၁၆. ၂. ၂၀၂၅
Written by MAK
◾လီဗာပူး Vs ဝုဗ်
အဲဗာတန်ကို နောက်ဆုံးမိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပြီး သရေကျခဲ့တာကြောင့် အမှတ်လျော့ခဲ့သလို ဒုတိယနေရာက အာဆင်နယ်အသင်းက ဖိအားလိုက်ပေးနေပါတယ် ။ လီဗာပူးအသင်းအနေနဲ့ ဒီပွဲပြီးရင် ဗီလာ ၊ မန်စီးတီး ၊ နယူးကာဆယ်တို့လို အသင်းကောင်းတွေနဲ့ ဆက်တိုက်ကစားရမှာ ဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲမှာ အမှားခံမယ်လို့ မထင်ပါဘူး ။ နှစ်လုံးသွင်းရင် ပြားလေးဆယ်အနိုင်ရမယ်ဆိုတဲ့ ဘော်ဒီကြေးက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားမှာ ရှိနေပြီး အရမ်းမပြင်းသလို အရမ်းလည်း ပျော့မနေပါဘူး ။ ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံးကတော့ အနည်းငယ်ပျော့နေတာကို တွေ့ရတာကြောင့် အဝေးကွင်းဝုဗ်အသင်း တစ်ဂိုးရဖို့တောင် ခက်ခဲမယ်လို့ ထင်ပါတယ် ။ တန်းဆင်းဇုန်အထက်နားက ဝုဗ်အသင်းအနေနဲ့ လီဗာပူးကွင်းမှာတော့ အံ့သြစရာတွေ လုပ်ပြနိုင်မယ် မထင်ပါဘူး ။ တစ်ဂိုးနဲ့ ကပ်နိုင်သွားလို့ ရတယ်ဆိုပေမဲ့ အန်းဖီးလ်ကွင်းမှာဆိုရင် လီဗာပူးတိုက်စစ်က စိတ်ချရပြီး အနိမ့်ဆုံး နှစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်လို့ ယူဆထားတဲ့အတွက် လီဗာပူးအသင်းကိုပဲ ရွေးချယ်စေချင်ပါတယ် ။
◾စပါး Vs မန်ယူ
စပါးအသင်းမှာ စီနီယာကစားသမားတွေ ကိုးယောက်လောက်ထိ ဒဏ်ရာပြဿနာရှိနေတာဟာ အသင်းကို အရမ်းထိခိုက်နေပြီး ရလဒ်ကောင်းဖို့ အသည်းအသန်ကြိုးစားနေရပါတယ် ။ မန်ယူအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ရလဒ်ပိုင်းတိုးတက်လာတာကို တွေ့ရပြီး ပထမအကျော့က အိမ်ကွင်းမှာ သုံးဂိုးပြတ်ရှုံးနိမ့်မှုကို လက်စားချေနိုင်ပွဲ ပြန်ရအောင် ကြိုးစားလာနိုင်ပါတယ် ။ စပါးအသင်းပေးထားတဲ့ ဘော်ဒီကြေး ပြားလေးဆယ်လောက်ဆိုတာ အနိုင်ရနိုင်တဲ့ ပေါက်ကြေးမျိုးမဟုတ်သလို အခုလို ပေါက်ကြေးပျော့ပျော့လေးတွေမှာဆိုရင် မန်ယူအသင်းက ကြေးအောင်တတ်ပါတယ် ။ ဒီပွဲမှာ ခြေမှန်နေတဲ့ မန်ယူအသင်းကို ရွေးချယ်ပေးချင်ပြီး အနိမ့်ဆုံး သရေလောက် ကစားနိုင်မယ်လို့ ထင်ပါတယ် ။ ဒဏ်ရာပြဿနာများလွန်းနေတဲ့ စပါးအသင်းကို မန်ယူအသင်း နိုင်သွားနိုင်တယ်လို့တောင် ယူဆထားတဲ့အတွက် မန်ယူအသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ် ။
◾မွန်ဇာ Vs လက်ချီ
အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရောက်ရှိနေတဲ့ မွန်ဇာအသင်း အသည်းအသန်ရုန်းကန်ကစားလာနိုင်တဲ့ ပွဲစဥ်တစ်ပွဲဖြစ်ပါတယ် ။ ဒီပွဲမှာသာ မွန်ဇာအသင်းအနိုင်ရခဲ့မယ်ဆိုရင် စီရီးအေရဲ့ တန်းဆင်းဇုန်တိုက်ပွဲက ပိုကြည့်ကောင်းမှာ ဖြစ်တာကြောင့် ဒီပွဲမှာ မွန်ဇာအသင်းကို ဆွဲတင်သွားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ် ။ လက်ချီအသင်းရဲ့ ခြေစွမ်းကလည်း အတက်ဘက်မှာ ရှိနေသလို အဝေးကွင်းနောက်ဆုံးသုံးပွဲမှာ နှစ်ပွဲကို ဂိုးပြတ်နိုင်ခဲ့ပြီး တစ်ပွဲပြန်ရှုံးခဲ့တာကလည်း တစ်ယောက်လျော့သွားတာကြောင့် ဖြစ်ပါတယ် ။ ဒီပွဲမှာ ဘော်ဒီကြေးဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံး ဖြစ်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်မွန်ဇာအသင်း သေချာပေါက် ဂိုးရနိုင်သလို လက်ချီအသင်းလည်း ဂိုးရနိုင်တာကြောင့် တစ်ဖက်တစ်ဂိုးစီလောက် မြင်တွေ့ရနိုင်သလို မွန်ဇာအသင်း အနိုင်ရရင်ရ မရရင်တောင် ဂိုးပေါ်သွားမယ်လို့ ထင်ပါတယ် ။ တကယ်လို့ မွန်ဇာအသင်းသာ နှစ်ဂိုးလောက်သွင်းနိုင်ရင် စုံပေါ်စားရတာမျိုးတောင် ဖြစ်နိုင်ပါတယ် ။ ဒီအတွက်ကြောင့် မွန်ဇာဘော်ဒီကို အကြိုက်တွေ့နေပြီး ဂိုးပေါ်ကိုပါ ထပ်ကစားသင့်ပါတယ် ။





◾ဂျူဗင်တပ် Vs အင်တာမီလန်
ဒီနှစ်သင်းနောက်ဆုံး တွေ့ဆုံမှု ခြောက်ကြိမ်လုံး ဂိုးအောက်ခဲ့ပေမဲ့ ပထမအကျော့ အင်တာမီလန်ကွင်းမှာတော့ ထူးထူးခြားခြား ဂိုးတွေအပြိုင်သွင်းခဲ့ကြပြီး တစ်ဖက်လေးဂိုးစီနဲ့ သရေကျခဲ့ပါတယ် ။ စီရီးအေအမှတ်ပေးဖလားကို နာပိုလီ ၊ အင်တာမီလန်နဲ့ အတ္တလန်တာအသင်းတို့ပဲ ယှဥ်ပြိုင်ရဖို့ ရှိနေပြီး ဂျူဗင်တပ်အသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက်သာ ကြိုးစားရမှာ ဖြစ်ပါတယ် ။ စနေညမှာ ထိပ်ဆုံးက နာပိုလီအသင်း သရေကျခဲ့တာကြောင့် အင်တာမီလန်အသင်းသာ အခုပွဲမှာ အနိုင်ရခဲ့ရင် ဇယားထိပ်ဆုံးကို ရောက်ရှိပြီး တစ်မှတ်အသာနဲ့ ဦးဆောင်နိုင်မှာ ဖြစ်ပါတယ် ။ ပထမအကျော့မှာ သရေအရှုံးပေးခဲ့တဲ့ အင်တာမီလန်အသင်းအနေနဲ့ အခုအဝေးကွင်းပွဲမှာပါ ပြားခုနစ်ဆယ်လောက်ထိ ပေးထားတဲ့ ဘော်ဒီကြေးက အင်တာမီလန်အသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးတစ်ခုဖြစ်ပါတယ် ။ ဂျူဗင်တပ်အသင်းက ကြားရက်မှာ နယ်သာလန်နိုင်ငံအထိသွားရောက်ပြီး ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲစဥ် ကစားရဖို့ ရှိနေတာကြောင့် အခုပွဲမှာ အားနည်းမှုတွေ ရှိလာနိုင်ပါတယ် ။ ဂျူဗင်တပ်အသင်းကလည်း ခြေစွမ်းကောင်းတယ်ဆိုပေမဲ့ အင်တာမီလန်အသင်းသာ အထူးအာရုံစိုက်ကစားရင် အနိုင်ရသွားမယ်လို့ ယူဆထားတဲ့အတွက် အင်တာမီလန်အသင်းကို ရွေးချယ်ပေးချင်ပါတယ် ။
◾ဖရန့်ဖတ် Vs ဟော့စတိန်းကီး
အမှတ်ပေးဇယားအောက်ဆုံးက ဟော့စတိန်းကီးအသင်းက ခံစစ်အညံ့ဆုံးဖြစ်တာကြောင့် ပေးဂိုးအများဆုံး အသင်းတစ်သင်းဆိုပေမဲ့ တိုက်စစ်ကလည်း အသင်းမရွေးဂိုးသွင်းနိုင်ပြီး နောက်ဆုံးကိုးပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ် ။ ဖရန့်ဖတ်အသင်းရဲ့ ဘော်ဒီကြေး တစ်လုံးအရှုံးဆိုတဲ့ပေါက်ကြေးနဲ့ ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးမှာ အဝေးကွင်းဟော့စတိန်းကီးအသင်း ဂိုးရနိုင်တဲ့ ဂိုးပေါင်းကြေး ဖြစ်ပါတယ် ။ ဟော့စတိန်းကီးအသင်း တစ်ဂိုးရသွားရင် သုံးဂိုးပြန်သွင်းမှ ကြေးအောင်မှာ ဖြစ်တဲ့အတွက် ဖရန့်ဖတ်အသင်း သုံးဂိုးပြန်သွင်းနိုင်ဖို့ ခက်ပါတယ် ။ သို့ပေမဲ့ သုံးပွဲဆက် သရေကျထားသလို နောက်နှစ်ပွဲကလည်း ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့နဲ့ ကစားရမှာ ဖြစ်တာကြောင့် ဖရန့်ဖတ်အသင်းကလည်း အခုအိမ်ကွင်းပွဲမှာ အာရုံစိုက်ကစားလာနိုင်ပါတယ် ။ ဒီအတွက်ကြောင့် ဂိုးပေါ်ကိုလည်း အကြိုက်တွေ့နေပြီး ဟော့စတိန်းကီးအသင်း တစ်ဂိုးရခဲ့ရင် အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှုအဖြစ် ဟော့စတိန်းကီးဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ် ။
◾ဗယ်လာဒိုးလစ် Vs ဆီးဗီးလား
ဗယ်လာဒိုးလစ်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက အရမ်းကို ညံ့ပေမဲ့ အိမ်ကွင်းရလဒ်ကတော့ သိပ်မဆိုးပါဘူး ။ တစ်ဆယ့်ငါးမှတ်နဲ့ ဇယားအောက်ဆုံးကို ရောက်နေတဲ့ ဗယ်လာဒိုးလစ်အသင်းအနေနဲ့ တန်းဆင်းဇုန်ကနေရုန်းထွက်နိုင်ဖို့ အခွင့်အရေးရှိနေပါသေးတယ် ။ သူတို့အသင်း အဓိကထား ကြိုးစားရမှာက အိမ်ကွင်းပွဲတွေမှာ အနိုင်သုံးမှတ်မရရင်တောင် သရေတစ်မှတ်လောက်က ရထားဖို့လိုအပ်ပါတယ် ။ ဆီးဗီးလားအသင်းက ဒီရာသီမှာ ခြေစွမ်းအကျဘက်ကိုရောက်နေပြီး အဝေးကွင်းခြေစွမ်းက အားရစရာ မကောင်းပေမဲ့ ဒီပွဲမှာ ဆီးဗီးလားအသင်းက သရေအရှုံးပေးထားပါတယ် ။ ဗယ်လာဒိုးလစ်အသင်းအနေနဲ့ တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ဆိုရင် အခုလို အိမ်ကွင်းပွဲတွေမှာ သေချာပေါက် အမှတ်ရဖို့ လိုအပ်တာကြောင့် အနိုင်မရရင်တောင် အနိမ့်ဆုံး သရေလောက်ထိ ကစားနိုင်တယ်လို့ ထင်ပါတယ် ။ အိမ်ကွင်းနောက်ဆုံးသုံးပွဲမှာ ရီးရဲအသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ ဗလင်စီယာအသင်းနဲ့ ဘက်တစ်အသင်းတို့ကို အနိုင်ရအောင် ကစားနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာတော့ လုပ်နိုင်စွမ်းအပြည့်ရှိပါတယ် ။ အမှတ်လိုအပ်ချက် အရမ်းပြင်းပြနေတဲ့ အိမ်ရှင်အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားသလို သရေကျရင်တောင် ကြေးအပြည့်စားရမှာ ဖြစ်တာကြောင့် အောက်အသင်းဖြစ်တဲ့ ဗယ်လာဒိုးလစ်ဘော်ဒီကိုပဲ ရွေးချယ်ပေးချင်ပါတယ် ။