၁၅.၂.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင်တို့၏ ပရာယာဂရက်ဂျ် မြို့တွင်ကျင်းပမည့် Maha Kumbh ဘာသာရေးပွဲတော်သို့ ပါဝင်ဆင်နွှဲရန် ခရီးထွက်လာကြသူများသယ်ဆောင်လာသည့် Bolero အမျိုးအစားကားက မာဇာပူ-ပရာယာဂရက်ဂျ် အဝေးပြေးလမ်းအတိုင်းမောင်းနှင်လာစဉ် ပရာယာဂရက်ဂျ်မြို့၊ Meja ရဲစခန်းအနီး၌ ဘတ်စ်ကားတစ်စီးကိုဝင်တိုက်မိခဲ့ရာ အနည်းဆုံးလူဆယ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
Bolero ကားပေါ်မှ ခရီးသည်များက ချတ်တီစ်ဂတ်ပြည်နယ်၊ ကော်ဘာမြို့မှဖြစ်ကြပြီး ယာဉ်တိုက်မှုက ဖေဖော်ဝါရီလ ၁၅ ရက် နံနက် နှစ်နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။ ယာဉ်တိုက်မှုက Bolero ကား ယာဉ်မောင်းမှာ ကားမောင်းနေစဉ်အိပ်ငိုက်သွားရာမှ ကားကို ထိန်းသိမ်းမှုမပြုနိုင်ဖြစ်ခဲ့ရခြင်းဟု ယူဆရသည်။
ယာဉ်တိုက်မှုဖြစ်ခဲ့သော ဘတ်စ်ကားမှာလည်း မတ်ရာပရာဒက်ရှ်ပြည်နယ်မှ ပွဲတော်တက်ရောက်မည့်သူများကို သယ် ဆောင်လာသောကားဖြစ်ကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်ကလည်း Maha Kumbh ပွဲတော်မှ ပြန်လာကြသူ ခုနှစ်ဦးလိုက်ပါလာသည့် မီနီဘတ်စ်ကားမှာ ပရာယာဂရက်ဂျ် မြို့ရှိပွဲတော်မှအပြန် ဂျဘာလ်ပူရ် ခရိုင်အတွင်း ထရပ်ကားတစ်စီးနှင့် တိုက်မိရာက ခုနှစ်ဦးစလုံးအသက်ဆုံးရှုံးခဲ့ရသည်။
Ref- The Hindustan Times
