၁၂. ၂. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖက်ချာဘွန်းပြည်နယ်၊ ခေါ့ခိုခရိုင်၊ ရင်းမ်စီမြွမ်န်း(Rim Si Muang) ခရိုင်ခွဲမှာ လူကုန်ကူးပွဲစားတွေ စွန့်ပစ်ခံခဲ့ရတဲ့ မြန်မာကလေးငယ် ၃၅ ဦးအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ခေါ့ခိုခရိုင်က ရင်းမ်စီမြွမ်န်းခရိုင်မှာနေထိုင်တဲ့ ထိုင်းပြည်သူတွေဆီကို ဖေဖော်ဝါရီ ၁၀ ရက် တနင်္လာနေ့ညမှာ အစားအသောက်လာတောင်းတဲ့ အစာရေစာပြတ်လပ် မောပန်းနွမ်းနယ်နေပုံရတဲ့ နိုင်ငံခြားအမျိုးသားနှစ်ဦး ရောက်ရှိလာကြောင်း သတင်းပေးပို့ခဲ့သလို သူတို့အဖော်တွေကလည်း အနီးမှာ ပုန်းအောင်းနေကြတယ်လို့ သိရတာကြောင့် နယ်မြေခံ အုပ်ချုပ်ရေးမှူး ပိတ်တွန်း ခေါ့ဆွမ်ဘတ်ဟာ အဆိုပါနေရာကို စုံစမ်းရှာဖွေခဲ့ရာမှာ အနီးအနားက တောအုပ်တစ်ခုမှ မြန်မာ နိုင်ငံသား ၅၇ ဦးကို ရှာဖွေတွေ့ခဲ့ရတာပါ။
အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ ၃၅ ဦးတို့ ပါဝင်တဲ့ ဒီအဖွဲ့ကို ကနဦး စုံစမ်းစစ်ဆေးမှုအရ သူတို့ဟာ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်က နယ်စပ်မှောင်ခို လမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံဆီ ဝင်ရောက်ခဲ့ကြတာပါ။
သူတို့ကို နခွန်ဆဝမ်ပြည်နယ်ကို ပို့ဆောင်ပေးပြီးချွန်ဘူရီပြည်နယ် ပတ္တရားမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိစေမယ်လို့ ကတိပေးပြီး ထရပ်ကားတွေနဲ့ ခေါ်ယူခဲ့ပေမဲ့ ခေါင်ခိုခရိုင်မှာ စွန့်ပစ်သွားခဲ့တာပါ။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၁ ရက်မှာလည်း ထဖောခရိုင်ရဲတပ်ဖွဲ့ဟာ နီနီ (၂၈ နှစ်)၊ အောင်ဇာလူ (၂၅ နှစ်)နဲ့ ရာဘီ (၂၀ နှစ်)တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့သုံးဦးဟာ ဖေဖော်ဝါရီ ၉ ရက်မှာ မဲဆောက်ကို ဖြတ်သန်းဝင်ရောက်လာတဲ့ လူ ၄၀ ခန့်ရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်ဖို့ ဝင်လာတဲ့အဖွဲ့ကဖြစ်ပြီး သူတို့သုံးဦးဟာလည်း လူကုန်ကူးပွဲစားတွေရဲ့ စွန့်ပစ်မှုခံခဲ့ရတာပါ။
Ref, Khaosod
